Part 6 >>>
"ဟုတ်တယ် အမေနဲ့အဖေ ဒါက ကျွန်တော်ရဲ့ချစ်သူ မိတ်ဆက်ပေးမလို့ခေါ်လာခဲ့တာပါ"
မောင့် အမေ၏ မျက်လုံးများက မနှစ်လိုမှု့ကို အတိအကျဖော်ပြနေလေသည်။ နှုတ်ခမ်းကို မဲ့လိုက်ကာ
"အော် ဒီလိုလုပ်ရမယ်ဆိုတာတော့ သိသားပဲနော် ရှင်းဆက်သွင်"
"ကျွန်တော် သိပါတယ် အမေ "
"ထိုင်လေ ဘာလို့ မတ်တပ်ရပ်နေတာလဲ ထိုင်ကြ"
မောင်က မွန့်၏ လက်ကို ဆွဲကာ ဆိုဖာဆက်တီပေါ်တွင် ဝင်ထိုင်လိုက်လေ၏။ မောင့် အမေ ကတော့ ကျွန်မတစ်ကိုယ်လုံးကို အသေအချာကြည့်ပြီး မေးမြန်းရမည့်စကားတွေ စီနေဟန်တူသည်။
"နမည် ဘယ်လိုခေါ်လဲ "
"မွန်မြတ်သူ ပါ အမေ "
ရှင်း က မွန့်အစား ဝင်ဖြေလိုက်တာပါ။
"ရှင်းလေး မင်းကိုမေးနေတာ မဟုတ်ဖူး သူ့ကို မေးတာ ဝင်ဖြေစရာမလိုဘူး "
"အမေကလဲ"
"မွန်မြတ်သူပါ အန်တီ"
သူတို့သားအမိနှစ်ယောက် ကတောက်ကဆ ထပ်မဖြစ်ခင် မွန် မြန်မြန်ဝင်ဖြေလိုက်လေသော် မောင့်အမေ၏ မျက်လုံးစူးစူးတွေက မွန့်ဆီ ပြန်ရွေ့လာပြီး
"မွန်မြတ်သူ နမည်လေးက လှသားပဲ မင်းက ဘာအလုပ်လုပ်လဲ "
"ကျောင်းဆရာမပါ အထက်တန်းပြ"
"အော်"
အထက်တန်းပြဆရာမဟု မွန် ပြောလိုက်သောအခါ မောင့်အမေမျက်နှာက တင်းမာမှု့အချို့လျော့ပါးသွားလေသည်။
"အထက်တန်းပြဆရာမဆိုတော့ မိန်းကလေးအသက်က ဘယ်နှနှစ်လဲ"
"၃၈ နှစ် ပြည့်ပြီးပါပြီ"
ဒေါ်အေးသွင်၏ မျက်ခုံးတစ်ဖက် မြှင့်တက်သွားလေသည်။
"ရှင်းလေးအထက် အများကြီး ကြီးတာပဲ"
"အမေကလဲ အသက်က အဓိက မကျပါဘူးဗျာ "
"မင်း ငြိမ်ငြိမ်နေစမ်း ရှင်းဆက်သွင် မွန်မြတ်သူ မင်းရဲ့ မိဘတွေကရော ဘယ်မှာနေတာလဲကွဲ့"