Part 3

2.5K 195 7
                                    


Part 3 >>>>

ညနေ သုံးနာရီ ကျောင်းလွှတ်ချိန်မို့ ကျောင်းဝန်းထဲမှ ကျောင်းသားကျောင်းသူတွေ အပြန်စနစ်တကျရှိစေရန် သူတို့ဆရာမတွေက ကြိမ်တစ်ချောင်းနှင့် ကြီးကြပ်လမ်းညွှန်ရလေပြီ။
ကျောင်းသား ကျောင်းသူတွေ ပါးမှ အိမ်ပြန်ရန် ခြင်းလေးဆွဲကာ ထွက်လာလေသော်အခါ ကျောင်းတံခါးနှင့် မလှမ်းမကမ်းမှာ အချိန်တော်ကြာပျောက်ဆုံးနေသော ကျွန်မ၏ ပေါ်တော်မူကြီး။

"ဆရာမ"

ကျောင်းသားအုပ်တွေကြား လမ်းမနံဘေးမှာ ဆိုင်ကယ်ရပ်လျက် သူ့ကိုမမြင်မှာဆိုး၍ လက်လှမ်းပြနေပြန်သည်။ မြင်နေကျ ဝန်ထမ်းယူနီဖောင်းနှင့် မဟုတ်ပဲ စပို့ရှပ် နက်ပြာရောင်နှင့် အားကစားဘောင်းဘီရှည်သာ လွတ်လွတ်လပ်လပ် ဝင်ဆင်ထားပြီး သူ့အပြုံးတွေက ချိုမြနေဆဲပင်။

"ပြောစမ်းပါအုံး ရှင်းလေး ပျော်တော်မူနေတဲ့ အကြောင်းလေး "

နှုတ်ခမ်းလေးဆူပုံ့ပုံ့နှင့် မျက်လုံးစွေကာ ချစ်စဖွယ် စိတ်ကောက်ဟန်ဆင်နေသူက အထက်တန်းပြ ဆရာမကြီးရော ဟုတ်ပါရဲ့လား။အဒေါ်အရွယ် အန်တီအရွယ် အမျိုးသမီးကြီးက ဒီလေါက်တောင်မှ ချစ်စရာကောင်းနေရသလား။

သူက ရှင်းပြရန် ဟန်ပြင်ကာ လည်တိုင်ကို ဘယ်လက်နှင့် ဖွဖွ ပွတ်ကာ စကားစရှာနေဟန် မျက်ခုံးနှစ်ဖက်က ထိလုထိခင်။

"အဲ့ဒါကလေ "

"အင်း ... ဆက်ပြော "

"ညဆိုင်း နဲ့ နေ့ဆိုင်း ဆင်းနေရတယ်လေ ဆရာမဆီ စိတ်က အမြဲရောက်ပါတယ်ဗျာ အမြဲတမ်း သတိရနေတာ "

"အံမယ် အပိုတွေ သိပ်ပြောတဲ့ ကောင်မလေးပဲ "

"မပိုပါဘူးဗျာ လိုတောင်လိုသေးတယ် ဆရာမကို သိပ်လွမ်းနေခဲ့တာ အလုပ်တောင် ဖြောင့် အောင် မလုပ်နိုင်ဘူး တကယ်ပါ "

"ဟုတ်ပါပြီ အိမ်ပြန်ကြတာပေါ့ ညဆိုင်းလား ဒီနေ့က "

"ဟုတ်ကဲ့ "

ဆက်ပြောချင်ခဲ့တာ။ ဆရာမကြီးကို သိပ်ချစ်နေလို့ သတိရနေတာလို့။ မပြောဖြစ်ခဲ့ဘူး။ ရင်းနှီးဖို့ အများကြီး ကြိုးစားခဲ့ရတာ။ စိတ်ဆိုးသွားမှာ မုန်းသွားမှာ ကြောက်မိလို့ပါ။
တစ်နေ့တော့ ... ပြောဖြစ်အောင် ပြောမယ်။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now