Part 13

1.7K 162 30
                                    

စန္ဒာ အိမ်အလုပ်တွေ လုပ်နေတုန်း တစ်စုံတစ်ယောက်က အိမ်ဝိုင်းဖက်ကြည့်နေသလို ထင်ရသည်မို့ အိမ်ရှေ့ထွက်ကြည့်လိုက်မိလေ၏။ ဟဲမက်အနက်နှင့် ရှပ်နက်ပြာရောင်နှင့် မိန်းကလေးက ရှင်းနှင့် အရမ်းတူနေလွန်းသည်။ မွန် ရှိနေမယ်ထင်သဖြင့် လာကြည့်တာလဲ ဖြစ်နိုင်၏။

"ရှင်း ... ရှင်း ခဏလေး "

လူရိပ်မမြင်သဖြင့် သူမတစ်ယောက်ထဲ သေချာနေတာကို မြင်ရသဖြင့် စက်နှိုးကာ မောင်း ထွက်ရန်ပြင်နေသော ရှင်းက စန္ဒာအသံကြောင့် ရပ်တန့့်သွားလေ၏။

"ရှင်း မဟုတ်လား  အိမ်ထဲ ဝင်ပါအုံးလား ရှင်း "

ဟဲမတ်ကို ချွတ်ပြီး အရင်င်ကလိုု အသက်မပါသော အပြုံးဖြင့် မဆိုသလောက်သွားဖြဲ ရီပြပြီး ခေါင်းခါလိုက်လေ၏။

"မဝင်တော့ဘူး အစ်မ ဒီတိုင်း ဖြတ်သွားရင်း ခဏလှမ်းကြည့်တာ "

ရှင်း  ... ပိန်သွားလိုက်တာ။ ခပ်သွယ်သွယ်ပါးရိုးတွေ မျက်ကွင်းညိုညိုတွေနှင့် အညိုရောင်နှုတ်ခမ်းပါးတွေ ဆေးလိပ်တွေ အခုတလောအများကြီးသောက်ဖြစ်နေတာ သေချာ၏။

"အစ်မတကယ်ကို စိတ်မကောင်းပါဘူး ရှင်းရယ် အစ်မလဲ ဘာတွေ ဖြစ်သွားမှန်းကို မသိဘူး "

"ကယာကံရှင်ကျွန်တော်တောင်မသိတာ အစ်မကို အပြစ်မပြောတော့ပါဘူးဗျာ မမမွန်က ဒီမှါ မနေတော့ဘူးလား ဟင် ကျောင်းကို သွားတော့လဲ ဘယ်တော့မှ မတွေ့ရဖူး "

"အင်း ... အစ်မဆီလဲ မလာပါဘူး ရှင်းရယ် ဘာပဲဖြစ်ဖြစ် အားတင်းထားပါနော် မင်း အရမ်းပိန်သွားတယ် "

"ဟုတ်ကဲ့ ဒီအတောတွင်း အလုပ်တွေ ပင်ပန်းနေလို့ပါ "

ဟုတ်ရဲ့လား ရှင်းရယ်။ မင်းရဲ့ အပြုအမူတွေက အသက်မပါတာ ဖုန်းကွယ်ထားလို့မှ မရတာ ။ တစ်သက်လုံး လုပ်လာတဲ့အလုပ်က ဒီလေါက် ပိန်တဲ့ထိ ပင်ပန်းပါ့မလား။

"အင်းပါ ရှင်း ပြန်တော့လေ ညဆိုင်းဆင်းပြီး ပြန်လာတာမလား ပြန်အိပ်တော့နော် "

"ဟုတ်ကဲ့ အစ်မ မနက်စာမစားရသေးရင် ကျွန်တော်မုန့်ဝယ်လာတာ ယူထားလိုက်ပါလား "

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now