Part 2 Zawgyi

882 24 0
                                    

Part 2>>>

"တီး... တီ"

အနောက်နားက ဟွန်းကပ်တီးသော ဆိုင်ကယ်ကြောင့် မွန် ဆက်ခနဲ လှည့်ကြည့်လိုက်လေ၏။ နက်ပြာရောင်ဆိုင်ကယ်အထက်မှာ မိန်းကလေးတစ်ဉီး လိမ္မော်ရောင်ယူနီဖောင်းစပို့ရှပ်နှင့် ဂျင်းပြာဘောင်းဘီကို တွဲဝတ်ထားကာ လက်ယာပခုံးမှာ ထမင်းချိုင့်အိတ်အရှည်ကို လွယ်ထားလေ၏။

"ဘာလဲဟ "

တပ်ထားသော Mask အမဲကိုချွတ်ကာ ပြုံးပြလေပြန်သည်။ မြင်ဖူးသလိုပဲ။ သိပ်တော့မသိ။ ခပ်မြင့်မြင့်စုချည်ထားသောကြောင့် မှေးရိုးရှင်းရှင်းက ပေါ်လွင်လှသည်။ ပြုံးပြနေသော ပန်းညိုရောင်နှုတ်ခမ်းပါးတွေ တစ်ယောက်ယောက်နဲ့ တူသလိုပဲ။

"အစ်မက ဆရာမ ဖြစ်နေတာကိုး ကျွန်တော့ကိုမှတ်မိလား "

စန္ဒာက မွန့်ကို တလှည့် သူ့ကို တလှည့်ကြည့်ပြီး မေးခွန်းထုတ်နေလေ၏။ သေချာတာတော့ ဒီကလေးမ လူမှားနေတာ ဖြစ်ရမည်။

ရှင်းက ပလက်ဖောင်းလမ်းမထက်က ဆရာမနှစ်ဉီးအနက် အဖြူရင်ဖုံး ထမိန်စိမ်းညိုရောင်နှင့် အဝါရောင်နှင်းဆီတစ်ပွင့် ဆံထုံးထက် ပန်ဆင်ထားသူ မဟာဆန်သော ဆရာမလေးကို ငေးကြည့်နေမိပါတော့၏။ဆရာမကတော့ သူ့ကိုမှတ်မိဟန်မတူ။

"အော် ...အစ်မ ...မမှတ်မိဘူးထင်တယ် မနေ့ကလေ ဆိုင်ကယ်မောင်းလာတော့ အစ်မကို ရေစင်သွားစေတာလေ "

"အော် ....မင်းကိုး တို့မှတ်မိပါပြီ သွားတော့မယ်"

အရှိန်သေစဒေါသက ပြန်အငွေ့လူလာတော့ ဒီနေရာက အမြန်ထွက်ခွါရန် ဟန်ပြင်လေ၏။

"ခဏ ခဏနေပါအုံး မမရယ် မမ ကျွန်တော့ကို စိတ်ဆိုးနေတုန်းဖြစ်မယ် တောင်းပန်တဲ့ အနေနဲ့ ကျွန်တော်လိုက်ပို့ပရစေ"

"အိုး ... မလိုပါဘူး တို့မှာ ခြေထောက်ပါတယ်"

ရော်...။ အပျိုကြီးတွေ သိပ်ခက်တာပဲ။ လူ့ဂွစာကြီး။ ကြည်ပြာ​ပြောသလို ဇီဇာလဲ ကြောင်လှသည်။ သို့သော် အဲ့လိုအပျိုကြီးကိုမှ သူက သဘောကျနေမိခြင်း။

"လာပါ မမရယ် လိုက်ပို့ပါ့မယ်ဆို ကျောင်းက ဝေးသေးတယ့်ဟာ "

"ကဲ ...ဟုတ်သား မွန်ရယ် လိုက်သွားလိုက်ပါ တို့ ဖယ်ရီက ဒီနားတင် မွန်က တစ်ယောက်ထဲ လမ်းလျှောက်ရမယ်တူတူ"

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now