Part 7

2K 172 18
                                    

ကျောက်ပန်းတောင်းမြို့နှင့် ၁၁ မိုင်အကွာ ပုပ္ပါးတောင်ခြေရွာကလေးဖြစ်သော ချိုးဖြူကွင်းရွာလေးသည် ပန်းပေါင်းစုံမြိုင်သော ပုပ္ပါးတောကြီး၏ အနီးတွင်ရှိသဖြင့် စိမ့်ကြီးမြိုင်ကြီးနှင့် အေးချမ်းလှပါသည်။ လူသုံးယောက်ဖက်ရမည့် မန်းကျည်းပင်မြင့်မြင့်ကြီးတွေ မန်ကျည်းသီးတွေက ခဲခဲလုတ်မျှ။ ဘယ်နေရာကြည့်ကြည့် အဖြူရောင် နှင်းဆီရိုင်းတွေက ဂန္တဝင်ဆန်လှသည်။

"ဘယ်လိုလဲ မောင် မွန်တို့ရွာက လှတယ်မလား "

"အင်း သိပ်လှတယ် ပြီးတော့ သာယာတယ်နော်"

မြို့နှင့် လားလားမှမဆိုင် မွှန်ထနေသော ဓာတ်ဆီကား ဂတ်ငွေ့တွေက မရှိ။ သဘာဝတရား၏ ဖန်တီးမှု့နှင့်သာ ပြည့်စုံလှပနေပါသည်။ ပေါက်ပန်းလဲပန်းနှင့် လက်ပံရဲရဲတွေက အနီရောင် ကတ္တီပါစကြီးီး ဖြန့်ခင်းထားသလို မြေနီရောင် လမ်းမထက်မှာ ကြဲပြန့်နေခဲ့ပါသည်။ ပုပုဝိုင်းဝိုင်း ဆီးပင်များက လမ်းဘေးဝဲယာမှာ ခူးမနိုင်။

"ဆီးသီးကတော့ အလိုက်ပဲမောင် ဆီးယိုဆို ပေါမှပေါပဲ "

"ဆီးချိုသီးတွေရောလား "

"ဒါပေါ့ မောင်ရဲ့ အစေ့ကသေးသေးလေး အနှစ်ကြီးပဲလေ"

"ဝိုး မိုက်လိုက်တာ "

"ရှေ့က ဝိုင်းက မွန်တို့အိမ်ပဲမောင်"

အညာစတိုင် ခြေတံရှည်အိမ်ကြီးက ကျယ်ဝန်းသော ခြံကြီး၏ အလယ်တွင်။ ရှင်းတို့ လှည်းဝင်လာသံကြားတော့ အိမ်ကြီးပေါ်က လူတွေ ဆင်းလာကြသည်။

"ရန်ကုန်က လာကြပြီဟေ့ မိမွန်တို့ လာကြပြီ"

အဲ့ဒီလို အော်ပြီ ဆင်းလာကြတာ။ အညာသူတွေဆိုပေမယ့် အသားမမဲဲကြဘူး။ ညိုစိမ့်စိမ့် ​ြေပြေလေးနဲ့ မြန်မာဆန်ဆန်ချောကြတယ်။ လှည်းနားကို ဝိုင်းလာကြပြီး အားလုံးက အထုတ်တွေ ကူသယ်လိုသယ်နဲ့ ပျော်ပျော်ပါးပါးပဲ။

"အမေ နေကောင်းတယ်နော် အမေကို အရမ်းလွမ်းနေတာ "

အသက် ၆၀ ခန့့် အညာသူအဒေါ်ကြီးက မမမွန်၏ အမေဖြစ်သူ ဒေါ်လှအုန်းမယ်။ ဒေါ်လှအုံးမယ်က ချောချောခန့့်ခန့့်ရိုးရိုးကြီးပဲ။ ကျန်စစ်လက်ကောက်တွေနှင့့် ဆွဲကြိုးကြီးကို ခန့့်ခန့့်ငြားငြားဆွဲထားသေးသည်။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now