Part 5

2K 165 8
                                    

Part 5>>>

မှိုင်းညှို့ညှို့ငွေရောင်အနားသတ်မိုးတိမ်ညိုညိုတွေဟာ ကောင်းကင်တစ်ခွင်မှာ အပိုင်စိုးထားလေရဲ့။ တစ်ခါတစ်ရံတိုက်ခတ်လာသော လေပြင်းနှင့်အတူ လျှပ်ရောင်တွေက ပါလာတက်သေး။အိမ်ရှေ့ဧည့်ခန်းသစ်သားဆက်တီလေးပေါ်ထိုင်ရင်း ခပ်ညိုညိုကောင်းကင်ကိုငေးကာ သီချင်းတစ်ပုဒ်ကို နားထောင်နေလိုက်ပါသည်။

"အိုး.... အေးစိမ့်နေတာပဲနော် ။မွန် ..ကော်ဖီသောက်အုံး"

စန္ဒာက လက်ရှည်အင်္ကျီလေးကို စိပြီး လင်ဗန်းထဲကမှ ကော်ဖီမတ်ခွက်ကို ရှေ့တိုးပေးကာ ပြောလိုက်လေ၏။

"ဟုတ်တယ်နော် စန္ဒာ... ကျေးဇူး"

"ထိန်ကြည် ....လရောင်ဆမ်းတော့....အလွမ်းပိုပါသည်.... ချစ်သူရှိရင် ဖွင့်ပြောပါလားလို့ မဒီ....ရိုးရိုးနှင့် မှန်တာကို ပြောမည် ....တကယ်စိတ်ကအတည်... ဘယ်မိန်းမမှ သူ့လောက်မချစ်ခဲ့သည်... သဒ္ဒါကပိုသည် ... ဆရာမကိုပဲ... အသဲစွဲအောင် ...ချစ်မိတော့သည်"

ဂီတာသံ သက်သက်နှင့် တွဲဖက် သီဆိုထားပုံရသော သြရှရှအသံလေးက တေးသွားနှင့် လိုက်ဖက်ကာ နားထောင်လို့ ကောင်းနေပါတော့၏။

"အဟမ်း! အဆိုတော်အသစ်ပါလား အပျိုကြီးနားထောင်နေတဲ့ သီချင်းလေးက ဟင် "

"အဟင်းင်း ရှင်းလေးဆိုထားတာလေ ဂီတာတီးပြီး သူဆိုပြထားတာ"

"အားကျလိုက်တာရှင် ဒီနေ့ ညဆိုင်းလား သူက"

"ဟုတ်တယ် စန္ဒာရဲ့ "

"ဒါကြောင့် အပျိုကြီးက အပြင်ဖက်ငေးပြီး အလွမ်းပြေသီချင်းလေးနားထောင်နေတာကိုးနော့"

"ဟာ စန္ဒာကတော့ လုပ်ရော့မယ်"

"အဟင်းင်း ရှက်သွားတယ်ပေါ့ ကြည့်စမ်း ! ကဲပြောပါအုံး ဘယ်တော့ စားရမလဲလို့ "

"အဲ့ဒါက မောင်က သူ့မိဘတွေကို ဖွင့်ပြောပြီးမှ နဲ့တူတယ် "

"မွန့်မိဘတွေကရော "

"မွန့်မိဘတွေက မွန့်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားပါတယ် မောင်ကသာ မသိတော့ပါဘူး"

"ရှင်းက အနာဂတ်အကြောင်းမပြောသေးဘူးလား"

"ပြောပါတယ် သူ့အမေက လက်ခံမှာမဟုတ်ဖူးဆိုပေမယ့် မွန်နဲ့သူ အတူလက်တွဲရင်ဆိုင်ကြမယ်တဲ့"

ငွေသော်တာ ရောင်ခြည် (Mini love story)Hikayelerin yaşadığı yer. Şimdi keşfedin