Final
မြေသင်းနံ့ပျံ့ပျံ့မွှေးတဲ့ မိုးဦးကာလလေးမှာ လက်ကျန်ပိတောက်ရနံ့လေးများ ရောယှက်နေသော အမိမြေ၏ ကိုယ်သင်းရနံ့လေးကို ကားမှန်ပြတင်းတစ်ဝက်ဖွင့်ကာ တစ်ဝကြီးရှူရှိုက်ရင်းပြုံးနေသော ရှင်းကိုကြည့်ပြီး MD နေရှိုင်းက
"မြန်မာပြည်ကို ပြန်လာရတာ ဒီလေါက်ထိပျော်မှန်းသိရင် အစောကြီးကတည်းက ခွင့်ပေးလိုက်ပါတယ်"
ချစ်တဲ့သူ စိတ်ချမ်းသာတာမြင်ရင် ကြည်နူးတက်သော နှလုံးသားရဲ့အလိုဆန္ဒအတိုင်း နှုတ်က ဖွင့်ဟလိုက်က်သောအခါ ရှင်းက ကားမောင်းနေသော နေရှိုင်းဖက် လှည့်ကြည့်ရင်း
"မဟုတ်တာ အခုလိုပြန်လာလည်ရတာနဲ့တင် ပျော်နေပါပြီ MD "
"ရှင်း ပျော်ရင်ပြီးတာပါပဲ ဟိုကို ပြန်မလိုက်တော့ဘူးလို့တော့မပြောနဲ့နော် "
"ဟားဟား MD ကလဲ လုပ်ပြီ "
MD က အိမ်အထိလိုက်ပို့ပေးခဲ့၏။မရောက်တာကြာပြီဖြစ်သော သည်လမ်းမကြီး မမမွန်နေခဲ့ဖူးသော လမ်းသွယ်လေး ကျောက်စရစ်လမ်းတွေအစား အမဲရောင်ကတ္တရာလမ်းမကြီးတောင် ခင်းထားကြပြီလေ။ အများကြီးပြောင်းလဲသွားခဲ့တာပဲ။လမ်းသွယ်လေး၏ အဆုံးထိမှန်းကာ ငေးနေသော ရှင်းကို MD က
"သက္ကရာဇ်တွေကုန်ဆုံးသွားတာတောင် မသိလိုက်ဖူး အတော်များများ ပြောင်းလဲသွားတယ်နော်"
"အင်း .... အကုန်လုံးပဲ မပြောင်းလဲတာဆိုလို့ "
ကျွန်တော့နှလုံးသားပဲ မမမွန်။ဒီလမ်းမကြီးကနေဆင်းပြီး လမ်းသွယ်လေးထဲ လျှောက်ပြန်သံပေးကာလတွေ အဖြူအစိမ်းဝတ်ဆုံလေးနဲ့ ဆရာမလေးကို အမြတ်တနိုးငေးကြည့်ရင်း ချစ်တဲ့အကြောင်းတွေ ပြောခဲ့ဖူးတဲ့ နေ့စွဲတွေ။ ကိုယ့်ခါးကို လက်သွယ်သွယ်တွေနဲ့ ဖက်ပြီး ခပ်တိုးတိုးစကားတွေနှစ်ကိုယ်ကြားဆိုခဲ့ဖူးတဲ့ အကြောင်းတွေ။ လွမ်းတယ်။
"ကဲ ... ရောက်ပြီ ရှင်းလေး ဒီအိမ်မဟုတ်လား "
"ဟုတ်ကဲ့ MD လိုက်ပို့ပေးလို့ကျေးဇူးပါ အိမ်ထဲ မဝင်တော့ဖူးလား "
"အင်း ... ကိုယ်သွားစရာရှိသေးလို့လေ မနက်မှ လာခဲ့မယ် အမေနဲ့အဖေကို နှုတ်ဆက်တယ် ပြောပေးပါအုံး "