Part 10

1.8K 155 12
                                    

ကျူရှင်အိမ်ကနေ စာသင်ပြီးအပြန် လမ်းထိပ်မှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းသုံးရင်းမှ လက်လှမ်းပြသော မောင့်ကြောင့် မွန် ပြုံးမိသွားလေ၏။ မောင်က အလုပ်ကနေအပြန်မှာ မွန့်ကို ဝင်ကြိုနေကြလေ။ OT ဆင်းရတဲ့ နေ့တွေတော့ မပါဘူးပေါ့။ ခုလဲကြည့် အိမ်တောင်မပြန်ရသေးဘူး ယူနီဖောင်းလေးနဲ့ ထမင်းချိုင့်အိတ်လေး လွယ်ပြီး မောင့်ပုံက ပင်ပန်းနေတာတောင် အပြုံးမပျက်ဘူးလေ။

"မောင် ... ရောက်နေတာကြာပြီလား "

"မကြာသေးပါဘူး အချစ်ရဲ့ စာသင်ရတာ ပင်ပန်းနေပြီလား မောင့်မိန်းမ"

ဘယ်အချိန်ပဲ ဖြစ်ဖြစ် မွန့်မျက်နှာလေးကို မြင်ရရင် ရင်ကို အေးချမ်းသွားစေပါတယ်။ အမြဲမပျက်လိမ်းထားတက်တက် ပါးကွက်ညီညီလေးနဲ့ပါးမို့မို့လေးက နမ်းလို့တောင်မဝပါဘူး။ အရည်တွေ လဲ့နေတက်တဲ့ မွန်မျက်ဝန်းလေးက ကျွန်တော့အတွက် ကမ္ဘာမြေကြီးစွဲငင်အားထက် ပြင်းတဲ့ စက်ကွင်းတွေလိုပါပဲ။

"မပင်ပန်းပါဘူး မောင့်ကို မြင်လိုက်ရလို့လေ"

"ဟောဗျာ စကားတက်လေးကို ဘယ်လိုလုပ်ရပါ့"

"မောင့်ရင်ခွင်ထဲထည့့်ထားလေ"

"ထည့့်ထားမယ်လာ "

"အို ... မောင်ကလဲ စကားအဖြစ် ပြောတာ ဟိုမှာ ကျောင်းသားတွေနဲ့ ရှက်စရာ အိမ်ပြန်မယ်"

"ဒါဆို အိမ်ရောက်မှပဲ "

*ဖြန်း*

မောင့်ပခုံးကို ခပ်ဖွဖွရိုက်လိုက်ပြီး ဆိုင်ကယ်ပေါ်စွေ့ခနဲ တက်ထိုင်လိုက်တော့ မောင်က ခပ်တိုးတိုး ရီပြီး မွန့်လက်တွေကို ဆွဲကာသူ့ခါးကို ဖက်စေပါတယ်။ မောင့်ကျောပြင်နွေးနွေးကို သိုင်းဖက်ထားတဲ့ အချိန်တွေက မွန့်ဘဝအတွက် အပျော်ရွှင်ဆုံးကာလတွေပါပဲ။တစ်လောကလုံးမှာ နှစ်ယောက်ထဲ ရှိသလို လုံခြုံစိတ်ချရပြီး ဘယ်လို အန္တာရယ်မှ မရှိဘူးလို့ တွေးမိတဲ့အထိပေါ့။

"မောင့့်အချစ် ဘာတွေ ချက်နေတာလဲဗျာ"

မောင်က မီးဖိုထဲလာပြီး ခါးကို  အနောက်မှ ဖက်ထားကာ ပခုံးစပ်တွေကို ခပ်ဖွဖွနမ်းရင်း မေးနေပြန်သည်။ ကြောင်ပေါက်လေးလို တိုးဝှေ့ကျီဆယ်နေသော မောင်ကြောင့် အသဲတယားယား။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now