Part-1 season-1

1.3K 47 0
                                    

မုန်းတီးခြင်းသင်္ကေတ (1)
🍁🍂Season-1🍂🍁

ကောင်းကင်ပြာအောက်ဝယ် လွင့်ပြန့်နေသော ပန်းနုရောင် ပွင့်ဖက်များက လူငယ်လေးတစ်ယောက်၏ အိပ်မက်ဆန်သော အမှတ်တရများကို သတိရစေသည်

ညို့မှိုင်းမှိုင်း တောင်တန်းတွေကြားမှာ တိမ်လွှာဖြူမို့မို့တွေက ပုန်းခိုလျက်ရှိသော တမ်းတမိသည့် နေရာလေးတစ်ခု..

ထိုနေရာလေးမှာ နေခဲ့ရသည့် တိုတောင်းလှသော အတိတ်အချိန်အခါက ထိုလူငယ်လေးအတွက် အိပ်မက်လား တကယ်လားဆိုတာ သဲကွဲမည်မဟုတ်ပေ..

"လော်ပန်း..မုန်လာဥ တစ်လုံး ဘယ်လောက်လဲ"

ဝယ်သူတစ်ယောက်၏ အမေးကြောင့် ထိုလူလေးက ကောင်းကင်ပေါ်မှ ပွင့်ဖက်လေးများကို မော့ကြည့်နေရာမှ အသိတစ်ချက်ပြန်ဝင်လာပြီး

"ပြား ၂၀ကျပါတယ်"

ဟုပြန်ဖြေလိုက်သည်

"တန်လိုက်တာ ကျွန်မ ၅ခုယူမယ်"

ဈေးဝယ်သူနှင့် အရောင်းအဝယ် ကိစ္စ ရှင်းပြီးတော့ ထိုလူငယ်လေးဟာ ဒီအတိုင်း ငုတ်တုတ် ထိုင်နေရပြန်သည်

ဒီနေ့ အရောင်းအဝယ် တော်တော်ပါးတာကြောင့် သူ၏ မျက်နှာမှာ မကောင်းလှ..

"ဝေ့ပါးပါး..ဝေ့ပါးပါး.."

ထိုအချိန် သားဖြစ်သူ၏ အသံကြောင့် မိမိ၏ မျက်နှာ အမူအယာကို ချက်ချင်းပြင်လိုက်ကာ

"စော်အော် ပြန်လာပြီလား"

"ဟုတ်ကဲ့"

သားဖြစ်သူက ၅နှစ်အရွယ်ရောက်နေပြီမို့ ပိုက်ဆံမတတ်နိုင်သည့်ကြားက စာရေးစာဖတ်တတ်စေရန် ဆရာတစ်ဦးထံမှာ အပ်နှံထားခြင်းဖြစ်သည်

"စော်အော် လောင်ရှီ့ စကားကို နားထောင်ရဲ့လား"

(မှတ်ချက်=လောင်ရှီ ဆိုတာ တရုတ်လို ဆရာလို့ အဓိပ္ပါယ်ရပါတယ်ဗျ)

စော်အော်။ ။"နားထောင်ပါတယ် ဒီနေ့စာတွေအကုန်မှန်လို့ လောင်ရှီက သကြားလုံးတောင် ပေးလိုက်သေးတယ်.."

ဝေ့ရင်း။ ။"တော်လိုက်တဲ့ကလေးလေး လာပါးပါးဆီကို မုန်လာဥတွေ ရောင်းကုန်ရင် ပါးပါးတို့ အိမ်ပြန်ကြမယ်နော်"

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now