Part_3 season _1

404 31 0
                                    


မုန်းတီးခြင်းသင်္ကေတ(3)

🍁🍂Season-1🍂🍁

"စော်အော် ပါးပါး ဘာမှမဖြစ်ပါဘူး ပါးပါး မင်းအတွက် စားကောင်းတာတွေ သွားယူပေးမယ်"

စော်အော်။ ။"ဟင့်အင်း ဟင့်အင်း မသွားပါနဲ့တော့ ပါးပါး စော်အော် ကြာစွယ် ဟင်းချိုနဲ့ပဲ စားလိုက်တော့မယ်"

ဝေ့ရင်း။ ။"မင်းလေးမှောက်လိုက်တာ ကြာစွယ်ဟင်းချိုတွေ ကုန်ပြီပေါ့လို့.."

စော်အော် ကြမ်းပြင်ပေါ်မှာ ပေကျံနေသည့် ကြာစွယ်ဟင်းချိုများကို ကြည့်ရင်း စိတ်မကောင်းစွာဖြင့်..

"စော်အော် အရမ်းဆိုးသွားလား ဝေ့ပါးပါး.."

မျက်နှာငယ်လေးဖြင့် ပြောနေသော သားဖြစ်သူ၏ ပါးလုံးလုံးလေးအား ဝေ့ရင်း ဆွဲဖြစ်လိုက်ပြီး..

ဝေ့ရင်း။ ။"မဆိုးပါဘူး စော်အော်ရဲ့ ပါးပါးရဲ့ စော်အော်က လိမ္မာပြီးသား..ဒါကလည်း မတော်တဆ ဖြစ်သွားတာပဲလေ စော်အော် တမင်လုပ်တာမှ မဟုတ်တာ အမှန်ဆို ဝေ့ပါးပါး အမှားပါ..

စာမေးပွဲဖြေပြီး ဖြန်လာတဲ့ စော်အောလေးကို စားကောင်းတာလေး လုပ်ကျွေးရမှာ ဝေ့ပါးပါး တောင်းပန်ပါတယ်.."

စော်အော်က ချစ်စဖွယ်ခေါင်းခါရင်း

စော်အော်။ ။"မတောင်းပန်ပါနဲ့ ဝေ့ပါးပါး အမှန်ဆို စော်အော် ဒီလို မရိုင်းပြသင့်ဘူး.."

ဇပ်လေးပုသွားသော သားလေး၏ ခေါင်းအား ဝေ့ရင်း လက်လေးဖြင့် ခပ်ဖွဖွ ပုတ်ပေး၍

Wei Ying,,"စော်အော်က မရိုင်းပါဘူး စော်အော်က ‌ငယ်သေးလို့ ဒီဟင်းခွက်တွေ မှောက်လိုက်တာ ရိုင်းတယ်လို့ ပြောလို့မရဘူး စော်အော်အတွက် စားကောင်းတာလေး
ချက်ကျွေးဖို့ ပိုက်ဆံ အလုံအလောက်မရှိတဲ့ ဝေ့ပါးပါးကပဲ အသုံးမကျတာပါ.."

ဝေ့ရင်းအသံလေး တိမ်ဝင်သွားတော့ စော်အော်က ဝေ့ရင်း ရင်ခွင်ထဲကနေ စိတ်မကောင်းစွာ ကြည့်နေသည်

စော်အော်။ ။"ဝေ့ပါးပါး အဲ့လို မပြောပါနဲ့ စော်အော် ငိုချင်တယ်.."

"အိုက်ယိုး မငိုရဘူးနော် စော်အော် ငိုရင် ဝေ့ပါးပါးပါ လိုက်ငိုမှာ.."

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now