Part-8 Season-1

327 23 0
                                    



မုန်းတီးခြင်းသင်္ကေတ (8)
🍂🍁Season-1🍁🍂

🍓စိတ်ကူးတောင်မယဉ်နဲ့တဲ့လား🍓

"လူကြီးမင်းထန်!.."

"ဝေ့ရင်း အံ့ဩစွာ ရေရွတ်လိုက်သည်..ထန်ဖန့်က သူ့ကို အရိုအသေပြု၍

"ဝေ့သခင်လေး.."

ထန်ဖန့်က စကား‌ကိုမပြောသေးဘဲ ခေတ္တရပ်လိုက်သည် နောက်မှ သက်ပြင်းလေးတွေးစွာ ချ၍

"ဝေ့သခင်လေး နန်းတော်ထဲမှာ ပြဿနာဖြစ်နေပြီ မင်းကြီးကလည်း ဝေ့သခင်လေး ပျောက်သွားလို့ အတော်လေး ဒေါသထွက်နေတယ် အခုဆိုရင် နန်းတွင်းတပ်တွေ သုံးပြီးတော့တောင် သခင်လေးကို ရှာနေကြပြီ.."

ဝေ့ရင်း မအံ့ဩ..မင်းကြီးရဲ့ အမျက်ဒေါသကို သူကပိုသိ၍ ခုချိန်မှာ မြေလှန်ရှာရမယ်ဆိုရင်တောင် သူ့ကို တွေ့အောင်ရှာမှာ အမှန်ပင်..

ဝေ့ရင်း။ ။"ဒါက ပုံမှန်ပါပဲ မင်းကြီးက သူလိုချင်တဲ့ အရာဆိုရင် မရရအောင် ယူမှာပါပဲ ကျွန်တော့်ကို လိုက်ရှာနေတာကိုလည်း သူကမတွေ့မချင်း ရပ်မှာမဟုတ်ဘူး.."

ထန်ဖန့်။ ။"ဒါဆို..ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ"

ဝေ့ရင်း။ ။"လူကြီးမင်းထန်!..မင်းနန်းတော်ကိုပြန်ပြီး ဘာမှမသိခဲ့သလိုနေပါ ကျန်တဲ့ကိစ္စကို ငါကြည့်ရှင်းလိုက်မယ်"

ထန်ဖန့်။ ။"ကောင်းပြီ"

ထန်ဖန့်က လှည့်ထွက်မယ်လုပ်ပြီးမှ ပြန်လှည့်လာ၍

"ဝေ့သခင်လေး မင်းလည်း အထူးဂရုစိုက်ပါ"

"အင်း.."

လူကြီးမင်းထန်ပြန်သွားတော့ ဝေ့ရင်းက စော်အော်ကို အနားခေါ်၍

"စော်အော် ဒီနေ့ ဝေ့ပါးပါးမင်းကို ကျောင်းလိုက်မပို့နိုင်တော့ဘူး ဒါပေမယ့် ဝေ့ပါးပါး
ဆီကို သေချာပေါက်တော့ ပြန်လာခဲ့နော်"

စော်အော်။ ။"ခါတိုင်းလည်း ပြန်လာနေကြပဲ ဝေ့ပါးပါးရဲ့ စော်အော် သေချာပေါက်ပြန်လာမှာပါ"

ဝေ့ရင်း သားငယ်၏ ပါးလေးကို ခပ်ဖွဖွလေးနမ်းလိုက်ပြီး

"ကျေးဇူးပါ ဝေ့ပါးပါးမှာလေ စော်အော်တစ်ယောက်တည်း ကျန်တော့တာ စော်အော်သာ ဝေ့ပါးပါးဘေးနားက ထွက်သွားရင် ဝေ့ပါးပါး သေမှာ.."

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now