Part-7 Season-1

359 24 0
                                    

မုန်းတီးခြင်းသင်္ကေတ(7)
🍁🍂Season-1🍂🍁

🍓ကျွန်မရှင့်ကိုချစ်တယ် ဟန်ကွမ်ကျွင်း🍓

"သခင်!..ဝေ့သခင်လေးကို ခေါ်ပြီးပြေးတော့ ကျွန်တော်တို့ ကျင်းဂိုဏ်းက လူတွေ တိုက်ခိုက်တာ ခံနေရပြီ"

"ဘာ!.."

လန်ဝမ့်ကျီး ဘေးက ပိချန်ကိုကောက်ဆွဲကာ ‌ဝန်းနင်ကို ခေါင်းညိတ်ပြလိုက်သည်

လန်ကျန့်။ ။"ဝန်းနင် စုန့်လန့် ငါမင်းတို့ကို အသုံးချစရာရှိသေးတယ် သေလို့မဖြစ်ဘူး"

ဝန်းနင်၊ စုန့်လန့်။ ။"အမိန့်တော်အတိုင်းပါ"

ဝန်းနင်နဲ့စုန့်လန့်က အရိုအသေပြုပြီး အဆောင်အပြင်ဘက်ကို ပြန်ထွက်သွားသည်

လန်ကျန့်က ဝေ့ရင်းကို ဆွဲထူလိုက်ပြီး  အပြင်ကိုထွက်ရန် ကြိုးစားပေမယ့် ဝေ့ရင်းက အားမရှိဘဲ ပြန်လဲကျသွားတာကြောင့် လန်ကျန့် အနောက်ကနေ ပွေ့ခံပြီး

"ဝေ့ဝူရှန့်!..ဝေ့ရင်း ငါပြောတာ သေချာနားထောင် ငါတို့တိုက်ခိုက်ခံနေရပြီ ခဏနေရင် ဒီက တိုးထွက်မှာမို့ ငါ့ကိုသာ အသေဖက်တွယ်ထားပါ လုံးဝ လက်မလွှတ်လိုက်နဲ့"

ဝေ့ရင်း ချွေးတွေကြားက အားမရှိစွာ ခေါင်းညိတ်ပြသည် နောက်တော့ လန်ကျန့်က ဝေ့ရင်းကို ကျောပိုးလိုက်ပြီး အပြင်ကို အကဲခတ်သည့်အနေဖြင့် ဘယ်ပြန်ညာပြန် ဝေ့ဝိုက်ကြည့်လိုက်သည်

ထို့နောက် ပိချန်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး အဆောင်အပြင်ကို ရဲတင်းစွာထွက်လိုက်သည်

ဝေ့ရင်းကတော့ လန်ကျန့်၏ ပုခုံးပေါ်မှာ မျက်လုံးလေးစဉ်းပြီး မှိန်းနေရှာတာပေါ့ သူ့ရဲ့ လက်အစုံဟာလည်း ချစ်ရတဲ့ အရှင့်ကို မလွှတ်တမ်း ဖမ်းဆုပ်ထားတာပေါ့

လန့်ကျန့်ကတော့ ကျောပေါ်က အထိအတွေ့ကို သိပ်သဘောကျနေတာပေါ့ သူဝောာင်မသိလိုက်ဘဲ ဝေ့ရင်းကို ပြန်ပြီး ဖက်တွယ်ထားသည်

"ဟိုမှာ ဟန်ကွမ်ကျွင်းပဲ ဟိုကိုသွားကြ.."

ထိုအချိန်မှာ ရွှဲယန်က သူတို့ကို မြင်သွားကာ သူ့ရဲ့ကျန်းဇိုက်ဓားနှင့် သူ့အဖွဲ့သားများအား ညွှန်ပြလိုက်သည် ဓားကိုယ်စီနှင့် ပြေးဝင်လာကြသော လူအုပ်ကြောင့် လန်ကျန့် မျက်လုံးအစုံ ပြူးကျယ်သွားသည်

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now