မုန်းတီးခြင်းသင်္ကေတ (4)
https://m.facebook.com/groups/1019512871883878/permalink/1397312174103944/
မုန်းတီးခြင်းသင်္ကေတ (5)
🍁🍂Season-1🍂🍁🍓မြောက်ပိုင်းတရားစီရင်ရေးရုံးတော်🍓
ဝေ့ရင်း ခန္ဓာကိုယ်လေးက အားမရှိတာကြာပြီ ခုလို လည်ပင်းညှစ်ခံရတော့ အသက်ရှုမဝဖြစ်လာပြီး လူက သတိလစ်ချင်သလိုဖြစ်လာသည်
"အ့ ဟ့ အဖေ!"
'ဖြောင်း!..'
ဝေ့ရင်းပါးလေး ပူထူသွားခဲ့သည် သတိရှိတစ်ချက် မရှိတစ်ချက်မှာ သူ့နားထဲ တိုးဝင်လာသည့် စကားသံများက ခါးသီးလှပါရဲ့
"မင်းက လူလိုနားမလည်တာ ဝေ့ဝူရှန့် ကျုပ်က မင်းကိုအဖေလို့ ခေါ်ခွင့်ပေးထားလို့လား ဟမ် မင်းက ကျုပ်သွေးသားဖြစ်ရတာ သိပ်ရွံဖို့ကောင်းတာပဲ
မင်းမျက်နှာ ထပ်မမြင်ချင်လို့ မခေါ်ထားဘူး တွေးထားပေမယ့် မင်းရှိမှ ကျုပ်ရဲ့ မီးဧကရာဇ်ကို ရနိုင်မှာ ကျုပ် မီးဧကရာဇ်ကို လိုအပ်တယ်"
ဝေ့ရင်းနောက်ဆုံးကြားလိုက်ရတာ ဒီလောက်ပါပဲ သူကြမ်းပြင်ပေါ်မှာ ပုံပုံလေး သတိလစ်သွားဝာာတောင် ဘယ်သူမှ စိတ်ပူပေးမယ့် သူမရှိကြ
မင်းကြီး။ ။"သူ့ကို မြောက်ပိုင်းရုံးတော်ကိုပို့လိုက် သူ့လုပ်ရပ်ကို ပြန်ဆန်းစစ်ပါစေ နောက်မှ မီးဧကရာဇ်အကြောင်း ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့ မင်းကြီး"
ဧကရာဇ်မင်းက ဒေါသကြီးစွာ ဝတ်ရုံကိုခါပြီး လက်နက်ရုံးတော်က ပြန်ထွက်သွားသည် အသိမရှိတော့သည့် ဝေ့ရင်း၏ ခန္ဓာကိုယ်လေးကတော့ ညစ်ပေနေသည့် ကြမ်းပြင်လေးမှာ ပူပန်ပေးမည့်သူမရှိ လဲကျနေသည်
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
ဝေ့ရင်းအသိပြန်ဝင်လာတော့ အသံတစ်စုံတစ်ရာကိုမျှ မကြားရပေ တိတ်ဆိတ်ငြိမ်သက်နေသည်
သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ပင့်ကူအိမ်တွေနှင့် ပြည့်နှက်နေသော မျက်နှာကျက်တစ်ခု
သူ့အိပ်နေသည့်အောက်မှာ မနွေးထွေးသည့် ကောက်ရိုး တစ်ခု ခင်းထားသည် ဝေ့ရင်းအားပြုပြီး ထကာ ဘေးပတ်လည်ကို မျက်စိကစားကြည့်တော့ သူသံတိုင်တွေနောက်မှာ ရောက်နေသည်ပဲ

ESTÁS LEYENDO
🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂
Fanfictionဒီမှာအရင်ဆုံး သတိပေးချင်တာက မားမော့သားတွေ နာမည်ပါတာမလို့ ဒီfic တစ်ပုဒ်လုံးက characters တွေအကုန်လုံးကို မားမော့အား crdပေးပါတယ်လို့ MDZSနဲ့ လုံးဝကွာခြားတဲ့ ဇာတ်အခြေအနေမို့ မူရင်းဝတ္ထုကလွဲရင် မကြိုက်တဲ့သူတွေ မဖတ်ဖို့ အကြံပြုပါတယ်...။ ဒီမှာအရငျဆုံး သတိပ...