Part-3

472 24 10
                                    


အသည်းကွဲနေသူများfeelချင်ရင် ဒီအပိုင်းဖတ်ပါ(💧 •͈ᴗ•͈)

လှပသောဝဋ်ကြွေး (3)
[A symbol of hatred (မုန်းတီးခြင်းသင်္ကေတ) of🍂🍁Season-2🍂🍁]

🍓လွမ်းခွင့်ပြုပါ🍓

"ဖြေကြားပါတယ် လူကြီးမင်း ဒီမင်တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေကို လူကြီးမင်းတို့လည်း သိမှာပါ ဒီအမျိုးသားနှစ်ယောက်က တစ်အိမ်ထဲမှာ အတူနေပြီး လင်မယားအရာ ပေါင်းသင်းနေတယ်လို့လည်း သိရပါတယ် ဒါက မင်တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေကို ဖောက်ဖျက်ရာကျလို့ ကျွန်တော်မျိုးမ ရုံးတော်ကို လာတိုင်ကြားရခြင်းဖြစ်ပါတယ်.."

လာပြန်ပြီ.. ဒီလိင်တူချစ်ကြိုက်အမှု၊ တစ်နေ့တစ်နေ့ လာလိုက်ရင် ဒီအမှုတွေချည်း၊ နေ့တိုင်း ဒီကိစ္စတွေကို လိုက်ရှင်းနေရာတာနဲ့ လူလည်း ဦးနှောက်ခြောက်ပြီး သေတော့မယ်။

ထန်ဖန့်စိတ်ထဲမှာတော့ ဗုံတီးတိုင်ကြားသူ အမျိုးသမီးကို ယောကျာ်းလေးနှစ်ယောက် ချစ်ကြိုက်လို့ ‌အတူနေထိုင်တာဟာ မိန်းကလေးရဲ့ကိစ္စတစ်စုံတစ်ရာ ပါသလားလို့ မေးပစ်ချင်ပေမယ့် မင်တိုင်းပြည်ဥပဒေက ရှိနေသေးတော့ သူ့စိတ်သူ ပြန်ထိန်းရတယ်။

ဘေးမှာယောကျာ်းပီသစွာ ခန့်ခန့်ညားညားကြီးရပ်နေတဲ့ ဆွေကျိုးကို လိပ်ပြာမလုံသလို လှမ်းလှမ်းကြည့်ရတာလည်း သူ့မှာ မမောနိုင်။

ဒါကိုကြည့်နေတဲ့ ရှောင်းကျန့်က တစ်ခုခု မူမမှန်ဘူးဆိုတာ သတိထားမိပါသတဲ့..။

"ဒီကမိန်းကလေး ဘယ်လိုတွေ နစ်နာသွားလို့ တိုင်ကြားရတာပါလဲ"

တိုင်ကြားခံရတဲ့ ကောင်လေး၂ယောက်က တစ်ယောက်လက် တစ်ယောက် တွဲထားပြီး တစ်ယောက်ကြောက်ရွံ့မှုကို တစ်ယောက် ဖြေသိမ့်ပေးနေ၏။

"အို.. မင်းကြီးက အမိန့်ထုတ်ထားတာပဲ ဒီအမှုကို တွေ့ရှိလို့ တိုင်ကြားနိုင်ရင် ဆုငွေ ၅၀၀၀ ချီးမြှင့်မယ်တဲ့လေ လူကြီးမင်းတို့လည်း မသိတာမဟုတ်ဘဲနဲ့.."

"အမှုပိတ်မယ်"

ဆတ်ခနဲ ဖြတ်ပြောလိုက်တဲ့ ထန်ဖန့်ရဲ့ စိတ်မရှည်တဲ့စကားကြောင့် ဟိုအမျိုးသမီး ပါးစပ်ပေါက်ပိတ်သွားတယ်။
ထန်ဖန့်က သူ့ရဲ့တင်းမာနေတဲ့မျက်နှာထားကို လျှော့ချကာ

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂حيث تعيش القصص. اكتشف الآن