Part-13 Season-1 (Final)

573 26 0
                                    

မုန်းတီးခြင်းသင်္ကေတ (13) Final
🍂🍁Season-1🍂🍁

🍓နောက်ဆုံးဆန္ဒ🍓

ဝူရှန့် စော်အော်ဆီက သူ့မျက်လုံးကို ပြန်ခွာ ၍ နောက်ကြောကို လှည့်ကြည့်လိုက်ပါတယ်..။
သူ့နောက်က မီးဧကရာဇ်လက်နက်တွေကို တွေ့တော့ သူအကြံတစ်ခု ရသွားခဲ့တယ်..။

ဒီလက်နက်တွေကြောင့် တိုင်းပြည်က ၂ကြိမ်တောင် ပြာပုံထဲ ရောက်ခဲ့ပြီးပြီမလား..။
အခုတစ်ခေါက် အခွင့်အရေးရတုန်းမှာ သူရော လက်နက်တွေပါ ပျောက်ကွယ်ပေးသွားရင် ကောင်းမလား..။

ဝူရှန့် သူ့အ‌တွေးနဲ့သူ ထိုလက်နက်တွေရှိရာဆီကို ပျံသွားလိုက်တယ်..။

"ဝေ့ရင်း ပြန်လာခဲ့"

ဝမ့်ကျီးက ပိချန်ကိုစွဲလို့ ဝူရှန့်နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေခဲ့တယ်..။

ရင်နင့်စရာပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်တယ်...။
ထိုပုံပြင်လေးရဲ့ အစက ဒီလို....။

အနည်းငယ်ရဲနေတဲ့ မျက်ဝန်းတွေနဲ့  မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတဲ့ မိစ္ဆာဘုရင်က ကြောက်ဖို့ကောင်းနေခဲ့တယ်...။

ဒီပုံပြင်လေးထဲက လူအားလုံး ‌ကြောက်ရွံ့နေရတဲ့ ဒီမိစ္ဆာဘုရင်လေးဟာ ဒီပုံပြင်လေးရဲ့ ဗီလိန်တစ်ယောက်များ ဖြစ်နေမလား..။
ပုလွေတစ်ချောင်းကို ဆုတ်ကိုင်လို့ အမည်းရောင် အငွေ့အသက်တွေ ဝန်းရံထားတဲ့ သူ့ကို အဖြူရောင်ဝတ်စုံလေးနဲ့ တစ်ယောက်သောသူကသာ သူ့ဘက်က ရပ်တည်ပေးနိုင်ဖို့ ကြိုးစားနေခဲ့တယ်...။

စောင်းကြိုးတွေဆီက လွင့်ပျံ့လာတဲ့ သံစဉ်တွေက တစ်စုံတစ်ယောက်ကို ကာကွယ်ပေးနိုင်ဖို့ ဘယ်လောက်များ တီးခတ်နေရဦးမှာလဲ..။

တေးသွားလေးတစ်ပုဒ်က အထီးကျန်မှုကို ဖော်ကျူးရင်း တိမ်လွှာတွေရဲ့ ညတာဟာ ရှည်လျားနေခဲ့တယ်...။
သွေးစက်တွေကြား တိုက်ခတ်လာတဲ့ လေတဖြူးဖြူးကြောင့် သူ့ခန္ဓာကိုယ်က အေးစက်လာပေမယ့် ဗျပ်စောင်းသံလေးကြောင့် နွေးထွေးနေခဲ့တယ်...။

အဆက်မပြတ်ထွက်ပေါ်လာတဲ့ ပုလွေသံလေးက ဘယ်အချိန် ဘယ်နေရာမှာ ရပ်တန့်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ဘူး..။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Wo Geschichten leben. Entdecke jetzt