Part-4 saeson-1

394 30 0
                                    

မုန်းတီးခြင်းသင်္ကေတ (4)
🍁🍂Season-1🍂🍁

ဝေ့ရင်းလည်း သူလုပ်နေကြ ဈေးဆိုင်ထွက်ရန် ပြင်ဆင်နေတုန်း ချပ်ဝတ်တန်ဆာများနှင့် လက်နက်ကိုင်ဆောင်ထားသော လူ၅၀ခန့် သူ့အိမ်ထဲ ဝင်လာကြသည်

"မင်း!..မင်းတို့က ဘယ်သူတွေလဲ?.."

ဝေ့ရင်းက အထိတ်တလန့်မေးတော့ ထိုလူတွေထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူတစ်ယောက်က ရှေ့ကို အနည်းငယ်တိုးလာ၍ လက်နှစ်ဖက်ကို ယှက်ပြီး သူ့ကို အရိုအသေပြုတယ်

"ဝေ့သခင်လေး ရှောင်းနန်းတော်ကပါ မင်းကြီးက ဝေ့သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ်"

"မင်းကြီး!.."

ဝေ့ရင်း အံ့ဩသွားသည် ၁၀နှစ်လောက် ကွဲကွာနေခဲ့ရသည့် ဖခင်ဖြစ်သူနှင့် ပြန်ဆုံတွေ့ရတော့မှာပါလား

"‌ ဒါပေမယ့် မင်းကြီးက အမိန့်ထုတ်တာ ကျွန်တော့်ကို နန်းတော်ထဲ ထပ်ပြီး ခြေချခွင့်မရှိဘူးဆို"

ဝေ့ရင်းကို ထိုရဲမက်ခေါင်းဆောင်က မှုန်သိုသိုကြည့်ရင်း ပြောတယ်

"မင်းကြီးအမိန့်မို့ ကျုပ်တို့နဲ့လိုက်ခဲ့ရမယ် ငြင်းဆန်ခွင့်မရှိဘူး"

ဝေ့ရင်းခုထိ နေရာကမရွေ့သေးဘဲ စုံရပ်နေမိသည် တကယ်လို့ ဒီနန်းတွင်းကိုယ်ရံတော်တွေနှင့် သူလိုက်သွားခဲ့ရင် စော်အော် ညနေ ကျောင်းက ပြန်လာပါက စော်အော်တစ်ယောက် သူ့ကို ရှာနေမည်ကိုလည်း တွေးပူမိသည်

"ဟိတ်!"

နန်းတွင်းကိုယ်ရံတော် ခေါင်းဆောင်၏ အသံကြောင့် ဝေ့ရင်းလန့်သွားသည်

"မင်းကြီးရဲ့အမိန့်ကို လွန်ဆန်ဖို့ ကြိုးစားနေတာလား ဝေ့ဝူရှန့်.."

မင်းညီမင်းသားတစ်ယောက်က ခုလို အောက်ခြေက လူတစ်ယောက်ရဲ့ နာမည်တပ်ခေါ်ခံရပြီး စော်ကားခံနေရတာ ဘယ်သူက သိမှာလဲ

သူက အရင်တုန်းက တိုင်းပြည်ရဲ့ အိမ်ရှေ့စံ တစ်ယောက်ဆိုတာကို သူကိုယ်တိုင်ကလွဲရင် ဘယ်သူကများ မှတ်မိနေဦးမှာလဲ

"ဝေ့ဝူရှန့်! မင်းကို မင်းကြီးက အဆင့်အတန်းမြင့်မြင့် ခေါ်ခိုင်းလိုက်တာ မဟုတ်ဘူး ဆင်းရဲသားတစ်ယောက်အနေနဲ့ ခေါ်ခိုင်းလိုက်တာ တကယ်လို့ မင်းငြင်းဆန်ဖို့ ရွေးချယ်ရင် ငါတို့မင်းကို ကြိုးတုတ်ပြီး ခေါ်သွားရလိမ့်မယ်"

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now