Part-10 Season-1

331 20 0
                                    


မုန်းတီးခြင်းသင်္ကေတ (10)
🍂🍁Season-1🍂🍁

🍓အမုန်းစကားများထပ်မကြားလို🍓

"ကြိုးကြာငှက်တွေက ငါတို့နှစ်ယောက်ကြားက အမုန်းသင်္ကေတ တွေပဲ.."

သေသေချာချာ ကွဲကွဲပြားပြားကြားလိုက်ရတဲ့ သခင့်ရဲ့အသံကြောင့် ဝေ့ဝူရှန့် အိပ်ပျော်နေရာကနေ လန့်နိုးလာတယ်...။
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ သူလမ်းမထက်မှာပဲ ရှိနေပါသေးတယ်...။

မိုးရေစက်လေးတွေကတော့ တစ်ပေါက်ချင်း သူ့ခန္ဓာကိုယ်ပေါ် ရွာသွန်းနေလေရဲ့
တစ်စက်ချင်းဆီ ကျလာတဲ့ မိုးပေါက်လေးတွေကို လက်နဲ့အသာခံလို့ ခံစားကြည့်ရှုနေတုန်း သူ့မျက်လုံးထောင့်နားလေးကနေ လျှပ်စီး လက်သွားတာကို မြင်လိုက်ရတယ်...။

အင်း..စော်အော်က လျှပ်စီးလက်ရင် သိပ်ကြောက်တတ်တာ..။ အရင်ကဆိုရင် လျှပ်စီးလက်တိုင်း သူ့ရင်ခွင် တိုးဝင်လာပြီး တရှုံ့ရှုံ့ငိုနေကြ...။
ခုတော့ သူ့ရင်ခွင်ထက် ပိုနွေးထွေးတဲ့ လန်ဝမ့်ကျီးရဲ့ ရင်ခွင်ထဲမှာ အကြောက်တရားတွေ ကင်းမဲ့ကုန်ပြီ ထင်ပါရဲ့...။

ဝေ့ဝူရှန့်ကတော့ မိုးရွာထဲမှာ ထိုင်နေတုန်းပါပဲ...။ သူနိုးနိုးချင်းခံစားလိုက်ရတာက သူ့နှလုံးသားတစ်ခုလုံး လုယူခံလိုက်ရသလိုမျိုး လစ်ဟာနေပါတယ်တဲ့...။

သူ့ဘဝထဲကနေ လူအားလုံးထွက်သွားကြပြီ သားငယ်အပါအဝင်ပေါ့...။
လွန်ခဲ့တဲ့၆နှစ်တုန်းက သူ့မှာ စော်အော်ကို ခက်ခက်ခဲခဲ ကျွေးမွေးပြုစုခဲ့လိုက်ရတာ...။

တစ်ခါတစ်လေမှာ ငွေကြေးမလုံလောက်လို့ သူမစားဘဲ စော်အော်ကို ကျွေးခဲ့ရတဲ့ အချိန်တွေမှ ရေတွက်လို့ မကုန်နိုင်လောက်အောင်ပင်...။

ဒါပေမယ့် သူစော်အော်ကို ကျွေးမွေးခဲ့ရတာက တစ်ခုခုကို ပြန်စံစားလိုစိတ်နဲ့ မဟုတ်ပါဘူး ခုချိန်မှာ စော်အော် အဆင်ပြေနေပြီဆိုရင်ပဲ ဖခင်တစ်ယောက်ဖြစ်တဲ့သူက ပျော်ရွှင်ပေးနေရမှာပါ..။

💥ဝုန်း..!💥

ဝေ့ဝူရှန့် လမ်းမမှာ ထိုင်နေတုန်း ပေါက်ကွဲသံတစ်ခုကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်..။
အဲ့အသံက နန်းမြို့တော်ဆီကလာတာ သေချာပေါက်ပါပဲ..။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now