Part-12 Season-1

340 21 0
                                    


မုန်းတီးခြင်းသင်္ကေတ (12)
🍂🍁Season-1🍂🍁

🍓နှုတ်ဆက်ခွဲခွာခြင်း🍓

ထိုအချိန်မှာ ကြီးမားသော ပေါက်ကွဲမှု ကြီးနှင့်အတူ ဝေ့ရင်း ကိုယ်လေးလွင့်ထွက်သွားပါတယ်..။
ဝေ့ရင်း နောက်ဆုံးခံစားလိုက်ရတာက..

တစ်ယောက်သောသူက သူ့ဆီကို မျက်ရည်တွေနဲ့ ပြေးလာနေပါသတဲ့...။

ဒါဟာ အိပ်မက်တစ်ခုသာသာပါပဲ..။ တစ်ယောက်သောသူက သူ့ဆီလာရလောက်တဲ့ အထိ အချိန်တွေက အားလပ်မနေဘူး..။
ပျက်စီးသွားတဲ့ အဆောက်အအုံရဲ့ အပိုင်းအစတွေကြား ကုန်းရုန်းထရင်း ဘေးဘီဝေ့ဝိုက်ကြည့်တော့ အရာအားလုံးဟာ ပျက်စီးသွားပြီ ဆိုတာကို သူသိလိုက်ပါတယ်..။

ယခု ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ဝူရှန့် ဦးနှောက်ကို အလုပ်ပေးကြည့်မိတော့ နားလည်သွားခဲ့တယ်...။
'မီးလှိုင်း!'     ဘယ်လိုလုပ်ပြီး မီးလှိုင်းဆိုတဲ့ လက်နက်က ပေါက်ကွဲသွားရတာလဲ?..။

ဝူရှန့် ခေါင်းကို ကြမ်းတမ်းစွာ ခါယမ်းပစ်လိုက်တယ်...။ သူ့ရဲ့ တီထွင်မှုက နောက်တစ်ကြိမ် တိုင်းပြည်ကို ပြာပုံဘဝထဲ တွန်းပို့လိုက်ပြီပေါ့...။
လွန်ခဲ့တဲ့ ၅နှစ်က အဖြစ်အပျက်ဆိုးတွေက တဖန်ပြန်လည် ဖြစ်ပေါ်လာပြီပေါ့...။

ရင်ဘတ်ကို ဆုတ်ကိုင်ပြီး အော်ငိုနေတဲ့ ဝူရှန့်က မျက်ရည်တွေနဲ့ဆို မလိုက်ဖက်လှဘူး..။ သူထပ်ပြီး ငိုနေပြန်ပြီ..။ သူ့မျက်ရည်တွေကို သုတ်ပေးမယ့် သူမရှိဘူးဆိုတာ သိရက်နဲ့ပေါ့...။

ဝူရှန့် ညဉ့်မဲ့မြို့က‌နေ ယိုင်တိယိုင်တိုင်နဲ့ ထွက်လာတဲ့ လမ်းတစ်လျှောက်မှာ ဒဏ်ရာရထားတဲ့ ပြည်သူအများစုကို တွေ့ရတယ်...။

"သားငယ် အဖေ့ကို ဖက်ထားနော် ဘာမှ မကြောက်နဲ့ အဖေရှိတယ်.."

တစ်ကိုယ်လုံး ဒဏ်ရာရထားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်တွေ ဝတ်ထားတဲ့ အမျိုးသားကြီးက သူ့သားကို ရင်ခွင်မှာ လုံခြုံစွာ ထည့်သွင်းဖက်ထားတာ မြင်တော့ ဝေ့ရင်း သူ့ဖခင်ကို သတိရမိသွားတယ်..။

တစ်ဆက်တည်းမှာပဲ ဖခင်ရဲ့ ပစ်ပယ်မှုတွေကို စဉ်းစားမိသွားတယ်..။ အဖေ ကျွန်တော်က တကယ်ပဲ အဖေရဲ့ အသုံးမဝင်တဲ့လူတစ်ယောက်လား..။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now