လှပသောဝဋ်ကြွေး (1) [A symbol of hatred (မုန်းတီးခြင်းသင်္ကေတ) of🍂🍁Season-2🍂

256 16 0
                                    


လှပသောဝဋ်ကြွေး (2)
[A symbol of hatred (မုန်းတီးခြင်းသင်္ကေတ) of🍂🍁Season-2🍂🍁]

🍓အိမ်တော်ပျက်ကြီး🍓

"စော်အော် ဝေ့ပါးပါးဆီ သေချာပေါက် ပြန်လာခဲ့ပါနော်"

ထပ်ခါ ထပ်ခါမက်နေသည့် ထိုအိပ်မက်ကြောင့် ရှောင်းဧကရာဇ်ထိတ်လန့်စွာ နိုးထလာခဲ့တယ်။
သူ့ဘေးမှာ အိပ်နေတဲ့ မိဖုရားခေါင်ကြီးကလည်း နိုးလာခဲ့ပြီး ထထိုင်လိုက်တယ်။

"မင်းကြီး နေ့လည်ခင်းကို အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား"

မိဖုရားခေါင်ကြီးက ချွေးတွေစို့နေတဲ့ သူ့နဖူးပြင်ကို ပုဝါစနဲ့ အသာသုတ်ပြီး မေးမြန်းတယ်။

မင်းကြီးက ဟောဟဲလိုက်နေတဲ့ သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီး သူ့ကို စိတ်ပူနေတဲ့ မိဖုရားခေါင်ကြီးရဲ့ နွေးထွေးနေတဲ့လက်တစ်စုံကို ဆုတ်ကိုင်လိုက်တယ်။

"ကိုယ်အဆင်ပြေပါတယ် ဟွားအယ်"

'ဒေါက်..ဒေါက်..'

ထိုအချိန်အိပ်ဆောင်ပြင်ပမှ တံခါးခေါက်သံနှစ်ချက် ထွက်လာတယ်။
မကြာမီ ကုံးကုံးတစ်ယောက် ပြေးဝင်လာ၍

" မင်းကြီး အဏ္ဏဝါမယ်မယ်က တွေ့ခွင့်တောင်းနေပါတယ်"

"အဏ္ဏဝါ?.. သူမက နေ့လည်ခင်းကို ဘာလာလုပ်တာလဲ"

မိဖုရားခေါင်ကြီးက ကုံးကုံးရဲ့ လျှောက်ထားချက်ကို မေးခွန်းထုတ်လိုက်သည်။
သူမက နူးညံ့သိမ်မွေ့တဲ့ မိဖုရားခေါင်ဆိုပေမယ့် အဏ္ဏဝါမိဖုရားနဲ့ ပတ်သက်လာရင် လုံးတသဘောမကျတာတော့ အမှန်ပင်။

အဏ္ဏဝါမိဖုရားက နန်းတွင်းမှာအချစ်တော်လေး မင်းသားငယ် ရှောင်းကျန့်ရဲ့ အမေရင်း..
သူမနဲ့ ပြိုင်ဖက်တွေဆိုလည်း မမှားပေ..။

အဏ္ဏဝါမိဖုရားကို သူမ မကြိုက်ရသည့် အချက်ထဲမှာ မိဖုရားရဲ့ အသံကြောင့်လည်းပါသည်။
မိဖုရားရဲ့အသံမှာ အခြားမိန်းကလေးတွေလို ချိုသာစူးရှမှု မရှိဘဲ ဩရှရှဖြစ်ကာ နားထောင်ရတာ အစေးမကပ်လှ...

အဏ္ဏဝါမိဖုးရားဟု ခေါ်တွင်ရခြင်းမှာ ပင်လယ်၏ အရောင်ကဲ့သို့ ပြာလဲ့တောက်ပနေသော မျက်ဝန်းတစ်စုံရှိ၍ ခရုခွံတွေကဲ့သို့ ဖြူဖွေးသော အသားအရေရှိပြီး ပင်လယ်၏ မနက်ခင်းထွက်ခါစ နေရောင်ခြည်ကဲ့သို့ ဝင်းပပ မျက်နှာထားရှိ၍ ပင်လယ်ရွာလေးတစ်ရွာမှ ခေါ်ဆောင်လာခဲ့သောကြောင့် အဏ္ဏဝါမိဖုရားဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Место, где живут истории. Откройте их для себя