Part_11 Season_1

400 23 0
                                    

မုန်းတီးခြင်းသင်္ကေတ (11)
🍂🍁Season-1🍂🍁

🍓မီးဧကရာဇ်ရဲ့ကြီးမားသောပေါက်ကွဲမှု🍓

တစ်နေရာအရောက်မှာတော့ သူ့ရှေ့ရောက်လာတဲ့ ဓားဦးချွန်တစ်ခုကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားပြီး သူ့နှုတ်မှ အံ့ဩစရာကောင်းတဲ့ နာမ်စားလေးတစ်ခု ထွက်ပေါ်လာတယ်...။

"သခင်!.."

သူ့ကိုဓားနဲ့ချိန်ထားတဲ့သခင်က ငိုနေတာလား..။ မျက်ခမ်းစပ်တေက ရဲနေပြီး ပါးပြင်‌ပေါ်ကို ငွေရည်တစ်ဥချင်းဆီ ကျသွားတာ သူများ အမြင်မှားတာလား..။

"ငါသတ္တိမရှိခဲ့ဘူး.."

တိုးညှင်းစွာထွက်လာတဲ့ သခင့်ရဲ့အသံက သိပ်ပြီး စိတ်ဓာတ်ကျနေတဲ့ပုံပေါ်ပါတယ်..။
ဝေ့ဝူရှန့် သူ့ရဲ့အားမရှိတဲ့ ခန္ဓာကိုယ်ကို ထိန်းရင်း သခင့်ကို ငေးကြည့်နေခဲ့တယ်..။
မိုးစက်တွေကြားက သခင့်မျက်နှာက သိပ်ကို ခန့်ညားတာပဲ..။

နောက်တော့ သခင်က ဓားကိုဖြည်းညှင်းစွာချလိုက်ပြီး သူ့ကို အကြည့်လွှဲထားတယ်..။
ပိချန်ဓားပေါ်ကို ဖြတ်သန်းကျရောက်သွားတဲ့ မိုးစက်လေးတွေက ချစ်သူနှစ်ဦးကို ဆုံစည်း‌ခွင့်ပေးပါလား..။

ဝေ့ဝူရှန့် သူ့ရဲ့မျက်လုံးတွေ ပိတ်ကျမသွားအောင် ကြိုးစားပြီး တင်းခံနေတယ်..။ သခင် သူ့ဆီရောက်လာတာ ဘာကြောင့်လဲဆိုတာ သူသိချင်နေပါတယ်တဲ့..။

"ဦးရီးတော်က ပြောတယ်.."

စကားသံအနည်းငယ်ထွက်လာပြီး ရပ်နားလိုက်တဲ့ လန်ဝမ့်ကျီးက ငိုနေခဲ့ပါတယ်..။
ဒီတစ်ခါရော သနားစရာကောင်းတဲ့ အဲဒီ့တစ်စုံတစ်ယောက်ကို သူကာကွယ်အေးနိုင်ပါ့မလား..။

"ဦးရီးတော်က ပြောတယ်.. မင်းကို ရှင်းပစ်ရမယ်တဲ့.."

ဝူရှန့် ဝေဝါးနေတဲ့ မျက်လုံးအစုံနဲ့ သခင့်ကို စိုက်ကြည့်လိုက်တယ်..။သခင်က သူ့ကို အကြည့်လွှဲထားဆဲပါပဲ..။

"ဒါဆို ရှင်းပစ်လိုက်လေ.."

လေသံဖျော့ဖျော့နဲ့သာ ပြောဖို့အင်အားရှိတော့တဲ့ ဝေ့ဝူရှန့်ကလည်း ပြောနေရင်း မျက်ရည်တွေစီးကျလာခဲ့တယ်..။
ပတ်ဝန်းကျင်က မိုးရွာနေတာမို့ သူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေနဲ့ မိုးရည်တွေ ရောနှောကုန်တယ်..။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Tempat cerita menjadi hidup. Temukan sekarang