Part-6 Season-1

373 24 0
                                    


မုန်းတီးခြင်းသင်္ကေတ (6)

🍁🍂Season-1🍂🍁

🍓မိစ္ဆာစွမ်းအင်🍓

"ဝေ့ဝူရှန့်!"

ဝေ့ရင်းကို ခေါ်လိုက်သည့် သူကားးးး

"လန်အာ့ပါးပါး!"

စော်အော်က ထိုသို့အော်ခေါ်ပြီး မြင်းခွာသံတွေ ကြားရာဆီကို ပြေးသွားသည် ဝေ့ရင်းက စော်အော်ကို စိတ်မချတာကြောင့် လိုက်သွားဖို့ ပြင်ပေမယ့် ထန်ဖန့်က သူ့ကို ဆွဲထားလေသည်

ထန်ဖန့်။ ။"မသွားနဲ့ ဝေ့သခင်လေး အန္တရာယ်ဆိုတာ ကြိုမြင်ရတာ မဟုတ်ဘူး"

ထန်ဖန့်က ဆွဲထားတာကြောင့် ဝေ့ရင်း ရုန်းထွက်၍ မရခဲ့ မြင်းခွာသံက ပိုနီးလာပြီး သူတို့ရှေ့မှာ ရပ်တန့်သွားသည်

မြင်းဖြူပေါ်မှ တိမ်လွှာနဖူးစည်းလေးနှင့် ပုဂ္ဂိုလ်က ဆင်းလာပြီး စော်အော်၏ ခေါင်းလေးကို အသာပုတ်ပေး၍ ဝေ့ရင်းရှေ့လျှောက်လာခဲ့သည်

'ခွမ်!'

ဝေ့ရင်း အရှိန်မထိန်းနိုင်ဘဲ လဲကျသွားသည်

"အယ့်...မင်း!"

ထန်ဖန့်အော်နေတာကို ဂရုမစိုက်ဘဲ လန်ကျန့်က သူထိုးလိုက်လို့ လဲကျသွားသော ဝေ့ဝူရှန့်ကိုသာ စိုက်ကြည့်နေခဲ့သည်

"ဝေ့ပါးပါး!"

စော်အော်က ပြေးလာပြီး သူ့ပါးပါးကို ဖကမထားလိုက်သည် ကျန်လက်တစ်ဖက်နှင့်လည်း ဝေ့ပါးပါးဗိုက်ကို ဖိပေးထားသည်

"လန်အာ့ပါးပါး ဟင့်~~ ဝေ့ပါးပါးကို ဘာလို့ရိုက်တာလဲ...ဟင့် ...ဝေ့ပါးပါးက ဒဏ်ရာကြီးနဲ့လေ..ဟင့်~~"

စော်အော်ကငိုသံလေးနှင့် ပြောလာတော့ လန်ဝမ့်ကျီး မာန်ကိုပြန်လျှော့ကာ

"စော်အော် ဒီကိုလာခဲ့"

စော်အော်က ဝေ့ပါးပါးကို တိုးဖက်ပြီး ငိုလျက် ခေါင်းခါသည်

"လန်ဖန့်ရှင်း! လာခဲ့လို့ပြောနေတယ်နော်"

"အီးးး ဟီးး ဟင့် ဟင့် အီးး အင့်.."

စော်အော်က ဝေ့ပါးပါးကို ကျစ်နေအောင် ဖက်ထားပြီး ဘာမှမပြောဘဲ ငို၍သာ နေသည်

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now