လှပသောဝဋ်ကြွေး A symbol of hatred (မုန်းတီးခြင်းသင်္ကေတ) of season -2

430 18 0
                                    


[ကြိုတင်သတိပေးချက်- Season-1မှာကတည်းက ဇာတ်လမ်းက ပြီးပြတ်ပြီးသားမို့ Season-2ကို ဆက်မဖတ်လည်း ရပါတယ်
နောက်ပြီး ‌ဒီဇာတ်လမ်းထဲက ဝေ့ဝူရှန့်နဲ့ လန်ဝမ့်ကျီးက စာရေးဆရာမမော့ရှမ်းထုံးရှို့ရဲ့ သားတွေမို့ copy rightညိသွားရင် ကြိုတင်တောင်းပန်ပါတယ် ပွဲကြောက်တတ်လို့ပါ
မူရင်း novelကို အခြေခံထားတာမဟုတ်တဲ့အတွက် စာရေးသူ စိတ်ကြိုက်ဖန်တီးထားတဲ့ ဇာတ်အိမ်မျိုးကိုပဲ တွေ့နိုင်မှာပါ]

လှပသောဝဋ်ကြွေး (1)
A symbol of hatred (မုန်းတီးခြင်းသင်္ကေတ) of🍂🍁Season-2🍂🍁

သာယာနာပျော်ဖွယ် တေးသွားလေး နားထဲစိမ့်ဝင်လာတယ်။

မိုးသံလေး တဖြောက်ဖြောက်နဲ့ ဘယ်လောက်တောင် သံစဉ်ညီလိုက်သလဲ။

အဆောင်ရှေ့က ကြောင်ဖြူလေးကို ထွေးပိုက်ရင်း မိုးပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။

ကြိုးကြာငှက်ကလေးတွေ လေဟုန်စီးကာ ပျံသွားကြတယ်။

သူတို့ဦးတည်ရာက ဘယ်ဆီဘယ်ဝယ်။

လွင့်မျောနေတဲ့ သစ်ရွက်ခြောက်‌တွေကို ငေးကြည်းရင်း၊

သိချင်မိတယ် သန့်ရှင်းစင်ကြယ်တဲ့ နှလုံးသားတစ်စုံကို၊

ဘယ်အချိန်ဘယ်အခါ ပိုင်ဆိုင်နိုင်ပါ့မလဲ။

____________

"ကျန့်အာ ကျန့်အာ"

ခပ်မှိုင်းမှိုင်းရာသီဥတုကြောင့် မင်းသားငယ်တစ်ယောက် အိပ်ယာထက်က မထဘဲ စောင်ပုံထဲမှာ ကွေးလို့နေတယ်။

မိုးနံ့သင်းသင်းလေးကြောင့် အနားယူရတာ ဇိမ်ရှိလွန်းပါတယ်။
အိပ်၍မပျော်တပျော်ရှိသည့်အချိန်မှာ သူ့နာမည်အော်ခေါ်ပြီး အဆောင်ထဲ အကြမ်းပတမ်း တိုးဝင်လာတဲ့ မယ်တော်ကြောင့် သူ့မျက်ခုံးနှစ်ခုကို တွန့်ချိုးလို့နေတယ်။

"ရှောင်းကျန့်.. ကျန့်အာ.. ထစမ်းပါ ဒီနေ့မင်းအစ်ကိုတော် နေမကောင်းလို့ ညီလာခံကို မင်းအစားသွားပေးရမယ်"

အမြဲတမ်း မယ့်မယ့်ဆီက ကြားနေရ စကားမို့ မင်းသားငယ်က မျက်လုံးတစ်ဖက်ကို အသာလှန်ကြည့်ပြီး မသိကျိုးကျွန်ပြုလို့ နံဘေးတစ်ဖက်ကို စောင်းပြီးဆက်အိပ်တယ်။

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Nơi câu chuyện tồn tại. Hãy khám phá bây giờ