Part-2 season-1

475 34 0
                                    

မုန်းတီးခြင်းသင်္ကေတ (2)

🍁🍂Season-1🍂🍁

"စော်အော် ပါးပါး လာပြီ"

ဝေ့ရင်းတစ်ယောက်  စော်အော်ငိုသံကြောင့်သာ အိမ်ပေါ်ကို ပြေးတက်လာရာတာ မိမိ၏ ဖိနပ်ကတော့ လှေဝမ်းပိုက်ထဲမှာ ကျန်ခဲ့လေသည်

အိမ်လေးက ခြေတံရှည်အိမ်လေးသာသာ ဖြစ်ပြီး အိမ်ပေါ်ထက်မှ နေရာကတော့ စားလည်း ဒီနေရာ အိပ်လည်း‌ဒီနေရာ ဆိုသလို ကျဥ်း‌မြောင်းလှသည်

ဝေ့ရင်း အိမ်အပေါ်ထက်သို့ ပေါ့ပါးစွာ ခုန်တက်ပြီး အိပ်ယာထက်မှာ ပါးနှစ်ဖက်ကို ပွတ်သက်ပြီး ငိုနေသည့် သားငယ်အား ပွေ့ပိုက်လိုက်ကာ..

ဝေ့ရင်း။ ။"စော်အော် မင်းဘာဖြစ်လို့လဲ"

စော်အော်။ ။"ဟင့်~~ဟင့်~~ ဝေ့ပါးပါးက စော်အော်ကို ထားခဲ့တာတဲ့ စော်အော်ကို မထားခဲ့ပါနဲ့ အီး ဟင့် ဟင့်.."

ဝေ့ရင်း။ ။"အိုက်ယား မင်းအိပ်မက်ဆိုး မက်နေတာ နေမှာပါ ဝေ့ပါးပါးက စော်အော်ကို ထားခဲ့စရာလား.."

စော်အော်။ ။"ဒါမယ့် စော်အော် အိပ်မက်ထဲမှာ ဝေ့ပါးပါးက စော်အော်ကို ထားသွားတာတဲ့"

ဝေ့ရင်း။ ။"အိုက်ယား မထားခဲ့ပါဘူးဆိုနေ ပြန်အိပ်တော့နော် စော်အော် မနက်ကျရင် စာသင်ဆောင်မှာ စာမေးပွဲရှိတယ်မလား.."

စော်အော်။ ။"ဟုတ် ပါးပါး.."

စော်အော်လေးက အငိုချက်ချင်းရပ်သွားပြီး ပြန်လှဲချက်ကာ မျက်လုံးလေးမှိတ်လိုက်သည် ထို့နောက် သူ၏ လက်သေးသေးလေးတွေနှင့် သူ့ဘေးက နေရာကို ပုတ်ပြ၍

"ပါးပါးပါ လှဲလေ အတူအိပ်ရအောင်.."

မျက်လုံးလေးမဖွင့်ဘဲ ပြောနေသည့် စော်အော်ကြောင့် ဝေ့ရင်းတစ်ချက်ပြုံးလိုက်ပြီး ဘေးမှဖယောင်းတိုင်မီးအား မှုတ်လိုက်ကာ စော်အော်ဘေးမှာ ဝင်လှဲလိုက်သည်

အိပ်မက်လှလှမက်ပါစေ ပါးပါးရဲ့ ကလေးလေးရေ

🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄

လောက၏ အလင်းဓာတ်အရှင်သခင် နေမင်းကြီးသည် မိုးကောင်းကင်ဝယ် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်

🍂🍁မုန်းတီးခြင်သင်္ကေတ🍁🍂Where stories live. Discover now