၁၇. ပေါ်လီယာနာပြန်လာချိန်

12 3 0
                                    


ဗယ်လ်ဒင်စဗီးသို့ ရထားဆိုက်ရန် နီးကပ်လာချိန်တွင် သူ့အဒေါ်အား ပေါ်လီယာနာ စိုးရိမ်တကြီး ကြည့်လိုက်၏။ မစ္စက်ချစ်လ်တန်၏ အခြေအနေသည် တစ်နေ့လုံး၌ မတည်မငြိမ် ဖြစ်နေကာ စိတ်အစဉ်မှာလည်း ပို၍သာ မှုန်မှိုင်းလာနေသည်။ ထို့ကြောင့် ပေါ်လီယာနာသည် ရင်းနှီးကျွမ်းဝင်ခဲ့ရသည့် ဘူတာလေးသို့ ရောက်ရန်အချိန်နီးလာလေ ကြောက်ရွံ့လာခဲ့လေ ဖြစ်နေရတော့သည်။

ပေါ်လီယာနာသည် သူ့အဒေါ်အား မြင်ရတိုင်း စိတ်နှလုံးမသာမယာ ဖြစ်ရ၏။ ခြောက်လဟူသော အချိန်တိုကလေးသည် လူတစ်ယောက်အား ပြောင်းလဲစေခဲ့ပြီး ပို၍ အိုစာသွားစေကြောင်း သူ မယုံကြည်နိုင်။

မစ္စက်ချစ်လ်တန်၏ မျက်လုံးများသည်လည်း မတောက်ပတော့။ သူ၏ပါးမို့မို့လေးများသည် ပျော့တွဲကျနေပြီး ပါးရေများ တွန့်နေလေပြီ။ သူ့နဖူးပြင်တွင်လည်း စိတ်သောကရောက်ရခြင်း၏ အမှတ်အသားအဖြစ် အရေးအကြောင်းများစွာ ဖြစ်ပေါ်နေခဲ့ပြီ။ ပါးစပ်ထောင့်စွန်းနှစ်ဖက်သည် အောက်သို့ ညွှတ်ကျနေခဲ့ကာ ဆံပင်မှာတော့ ဟိုးနှစ်ပေါင်းများစွာအကြာက သူ့အား ပေါ်လီယာနာပထမဆုံးမြင်ခဲ့ရသည့် ခေတ်တုံးနေသော ပုံစံအတိုင်း နောက်ဘက်သို့ တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသည်။

သူ၏ လက်ထပ်ခြင်းနှင့်အတူပါလာသော နူးညံ့သိမ်မွေ့မှုနှင့် ချိုသာမှုများသည် သူ့အားအကာအကွယ်ပေးထားလျက်ရှိခြင်းမှ ပြုတ်ကျသွားခဲ့ပုံရကာ အရင်တစ်ချိန် မစ္စပေါ်လီဟယ်ရင်တန်ဘဝမှ မချစ်တတ်သော၊ မချစ်ချင်တော့သော မာကျောခြင်း၊ နာကြည်းခြင်းများသာ ချန်ထားရစ်ခဲ့လေသည်။

"ပေါ်လီယာနာ !!"

မစ္စက်ချစ်လ်တန်ထံမှ အသံ ခပ်ပြတ်ပြတ်ထွက်လာသောအခါ ပေါ်လီယာနာမလုံမလဲ ကြည့်မိလိုက်၏။ သူ့အတွေးများအား သူ၏အဒေါ်မှ ဖတ်နိုင်သွားပြီလား ဟူ၍လည်း စိတ်မသက်မသာ ခံစားနေရသည်။

"ဟုတ်ကဲ့ အန်တီ"

"အနက်ရောင်အိတ်ဘယ်မှာလဲ ... အသေးလေးတစ်ခု"

"ဒီမှာပါ"

"ငါ့ရဲ့မျက်နှာ ဖုံးတဲ့ အမဲရောင် ပုဝါထုတ်လိုက် ... ငါတို့ ရောက်ခါနီးနေပြီ"

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now