၄. ကစားနည်းနှင့်မစ္စက်ကာရူး

46 5 0
                                    


ပေါ်လီယာနာ့ အတွက်တော့ ဘော်စတွန်သည် အတွေ့အကြုံအသစ်တစ်ခုသာ ဖြစ်၍ ဘော်စတွန်အတွက်တော့ ပေါ်လီယာနာသည် ဧကန်မုချ မလွဲမသွေ အတွေ့အကြုံအသစ်များစွာဖြင့် သူ့အား သိမြင်ရန် အခွင့်ထူး ရရှိထားသကဲ့သို့ ဖြစ်လေသည်။

ပေါ်လီယာနာသည် ဘော်စတွန်အားကြိုက်သည်ဟု ပြောခဲ့သော်ငြား ဤမျှထိကြီးမားကျယ်ပြောစေရန် ဆန္ဒမရှိခဲ့။

"အန်တီပဲစဉ်းစားကြည့်လေ"

ရောက်ပြီး နောက်တစ်နေ့၌ မစ္စက်ကာရူးအား စိတ်အားထက်သန်စွာဖြင့် ပြောခဲ့ခြင်းဖြစ်၏။

"သမီးက အကုန်လုံးကို သိလည်းသိချင်တယ်၊ မြင်လည်းမြင်ဖူးချင်တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ အန်တီပေါ်လီ ကုမ္ပဏီက ညစာစားပွဲလိုပဲ။ သမီးဆိုလိုတာက အဲ့မှာ စားစရာတွေအများကြီး ရှိပေမဲ့ ကြည့်ပဲကြည့်လို့ရပြီး အကုန်ယူစားလို့ မရဘူး။ ပြောချင်တာက ဘာကိုပဲဖြစ်ဖြစ် ကြည့်ရုံပဲ တတ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဘာကိုရွေးပြီး စားရမလဲဆိုတာ ဆုံးဖြတ်ဖို့ အမြဲတမ်း ခက်နေလို့ ..... ဒီတိုင်း ကြည့်နေရုံပဲ"

"ဒါပေမဲ့ အဲ့မှာ စားစရာတွေအများကြီး ရှိတဲ့အတွက် အန်တီဝမ်းသာနိုင်တယ်"

ခဏနားလိုက်ပြီး ပေါ်လီယာနာ ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ အဲ့မှာ ဘာပဲဖြစ်ဖြစ် အကုန်လုံးက သဘောကျစရာကောင်းတယ်လေ။ ကောင်းတဲ့ဟာတွေကြီးပဲ။ ဆေးသောက်ရတာတို့၊ နာရေးဖြစ်နေတာတို့လို မဟုတ်ဘူးပေါ့ ...!! ဒါပေမဲ့ အန်တီပေါ်လီရဲ့ ကုမ္ပဏီညစာစားပွဲကို ရက်နဲနဲလောက် ဆွဲဆန့်ထားဖို့ သမီးမလုပ်နိုင်ခဲ့ဘူး။ ကိတ်မုန့်တွေ၊ အစာသွတ်မုန့်တွေ မရှိတော့လို့လေ။

ဘော်စတွန်လည်း အဲလိုပဲလို့ သမီးခံစားရတယ်။ သမီးက အစိတ်အပိုင်းလေးနဲနဲလောက်ဖြစ်ဖြစ် ဗယ်လ်ဒင်စဗီးကအိမ်ကို သမီးနဲ့အတူ ယူသွားချင်တာ။ အဲ့ဒါမှ နောက်နှစ်နွေရာသီအတွက် လုပ်စရာ အသစ်တစ်ခုခု ရှိမှာလေ။ ဒါပေမဲ့ သေချာပေါက် သမီးယူလို့မရဘူးပေါ့။ မြို့တွေက အေးခဲထားတဲ့ ကိတ်မုန့်တွေလိုမှ မဟုတ်တာ။

ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now