ကျေးဇူးတင်လွှာ

33 3 0
                                    


စာအုပ်လေး ဘာသာပြန်ဖြစ်ခဲ့ရခြင်းအကြောင်းရင်းက ဒီလိုပါတဲ့ .....

ကိုယ်ဒီနှစ် မတ်လထဲမှာ ကိုဗစ်ဖြစ်ခဲ့ရာကနေ ဒီစာအုပ်လေး ဘာသာပြန်ရဖို့ ဖြစ်လာခဲ့တာပဲ ....

ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ကောင်းကောင်းအနားယူဖို့တော့ လိုနေပြီလို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးပြီး လုပ်နေတဲ့အလုပ်တွေ နားပစ်လိုက်တယ် ...

ဒီအတိုင်း ဘာဆိုဘာမှ မလုပ်ပဲ နားနေရင်းကနေ အချိန်တွေ အလဟဿ ကုန်တယ်ခံစားလာရတော့တစ်ခုခုတော့ လုပ်ကြည့်ချင်လာပြန်တယ် ....

အဲလိုနဲ့ စာအုပ်စင်ကိုမွှေနှောက်တော့ မြန်မာစာအုပ်အကုန်ကဖန်တရာတေနေအောင် ဖတ်ပြီးသားတွေ .....

ဒီလိုကနေ အစနဲနဲဖတ်လိုက် ပြန်ချလိုက် လုပ်ပစ်ခဲ့တဲ့ အင်္ဂလိပ်စာအုပ်တွေဆီ မျက်လုံးမှောက်မှားသွားရာက ဒီစာအုပ်လေး လက်ထဲပါလာတာပဲ .....

အစကတော့ ဒီတိုင်း ဖတ်ရုံသက်သက်ပဲ .... ဖတ်ရင်းကနေ ဘာသာပြန်ချင်လာတယ် ... အရင်ကတည်းက စာတိုပေစ ကဗျာမက ဝတ္ထုမကျ စာမျိုးတွေရေးဖူးထားတော့ ပိုးတွေထလာရော 😬

ငယ်စဉ်ဘဝလေးကို ဆရာထင်လင်း ဘာသာပြန်ခဲ့ပြီး တအားအောင်မြင်ခဲ့တော့ ကြီးပြင်းလာပုံလေးလည်း သိချင်ကြမလားဆိုပြီး ရေးဖြစ်ခဲ့ရုံပါပဲ ....

၄လပိုင်းမှာ စဖတ်ဖြစ်ခဲ့ပြီး အဆုံးထိ ဘာသာပြန်ပြီးချိန် ၅၁ရက် တိတိ ကြာခဲ့ပါတယ် ... အလုပ်သွားရတဲ့ရက်တွေဆို ညအတော်လေးနက်တဲ့အထိ ထိုင်ရေးနေခဲ့ပြီး အိမ်မှာနေရတဲ့ရက်ဆို ထိုင်ရာကမထ ဟင်းချက်ရင်းတောင် ရေးနေခဲ့တာ 😁😁

တစ်ခါမှ ဝတ္ထုရှည်မရေးဖူးခဲ့တော့ စာရေးရတာအတော်ကို စျာန်ဝင်ပြီး ပါရမီပါဖို့လိုပါလားဆိုတာ အပြည့်အစုံကို သဘောပေါက်နားလည်ခဲ့ပြီး တစ်ခါမှမရခဲ့ဖူးတဲ့ အတွေ့အကြုံအသစ်တွေအများကြီးရခဲ့ပါတယ် ...

ရေးနေတဲ့ အတောအတွင်း ကိုးကားခဲ့တာတွေကတော့ Google , Wikipedia နဲ့ YouTube တွေပါပဲ .....

ဘာသာပြန်ရုံလေး ဘာပင်ပန်းတာမှတ်လို့လဲ မပြောပါနဲ့ ... မူရင်းအရသာမပျောက်အောင် သိပ်သတိထားရလို့ တအားဂရုစိုက်ရပါတယ် ....

ဘယ်သူကမှ ဖိအားပေး အတင်းအကျပ်လုပ်ခိုင်းခြင်းမရှိပေမယ့် " Once in a Lifetime " မှာ လုပ်ဖူးချင်ခဲ့တဲ့ ဝါသနာတစ်ခု ပြီးမြောက်အောင်မြင်သွားလို့ သိပ်အားရကျေနပ်ပါတယ် .....

လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးအမြတ်တစ်ခုခု မရခဲ့ပေမယ့် ငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲဖြစ်လာတဲ့ ခံစားမှုကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး ....

ဘာသာပြန်နေတဲ့တစ်လျှောက် ဖတ်ရင်းနဲ့ သဘောကျပြီးရင်း သဘောကျနေခဲ့ရတဲ့ စာအုပ်လေးပါပဲ ....

အဆုံးထိဖတ်ရှုပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် 😍 ပထမဆုံးဘာသာပြန်ဖူးတာမို့ အမှားတစ်စုံတရာပါခဲ့ရင် ဖြည့်စွက်ပေးပါ ...


💜💜💜💜💜💜💜💜💜

🎉 You've finished reading ပေါ်လီယာနာ ကြီးပြင်းလာခြင်း 🎉
ပေါ်လီယာနာ ကြီးပြင်းလာခြင်းWhere stories live. Discover now