Episode -16

1.7K 170 25
                                    

unicode

sj အတွက်တော့ အခုချိန်က အတိုင်းမသိကြည်နူးရတဲ့ အချိန်ပဲ မောင်က သူ့ကို အသည်းအသန်ဂရုစိုက်သလို သူငယ်ငယ်တည်းက သူ့ကိုဂရုစိုက်ခဲ့တဲ့ hyung ဖြစ်သူကလည်း မောင့်ကို လွန်စွာကြည်ဖြူတဲ့ အပြင် မောင်နဲ့ hyung နဲ့ ဆက်ဆံရေးကလည်း ပထမဆုံးတွေ့တာတောင် တော်တော်အဆင်ပြေနေတာကိုတွေ့ရ၍ ကျေနပ်မိ တယ်

တွေးနေတုန်း သူ့ခြေထောက်အောက်က ယားကျိကျိခံစားလာရတာကြောင့် မောင်ခွာပေးတဲ့ ပုစွန်တေစားရင်း အောက်ကိုငုံ့ကြည့်လိုက်မိတော့ အလွန်တရာမှ ချစ်ဖို့ကောင်းတဲ့ အမွှေးပွ ခွေးပေါက်လေး တစ်ကောင်ကိုတွေ့လိုက်ရတာမို့ သူရယ်လိုက်ကာ စားလက်စ ပုစွန်ကိုချပြီး အောက်က ခွေးပေါက်လေးကို သူ့ပေါင်ပေါ်တင်လိုက်တော့

hyung ကတွေ့သွားကာ

" jin... ခွေးပေါက်လေးပါလား ဘယ်ကတွေ့တာလဲချစ်စရာလေး "

" ဒီမှာလေ jin ခြေထောက်ကိုအောက်ကလာပွတ်နေတာ ကြည့်လိုက်တော့မှ သူဖြစ်နေတာ ဒီဆိုင်က မွေးထားတဲ့ ကလေးဖြစ်မယ်ထင်တယ် ချစ်စရာလေးနော် hyung "

" မောင်.. ဒီမှာကြည့်ဦးလို့ ခွေးပေါက်စလေး jin ဆီရောက်လာတာ "

jungkook ပုစွန်စားနေရင်း သူ့ကလေးနဲ့ jin အစ်ကိုဖြစ်သူတို့ရဲ့ စကားတေကြောင့် jin ကိုလှည့်ကြည့်လိုက်တော့ jin ရဲ့ ပေါင်ပေါ်မှာ ထိုင်နေတဲ့ခွေးပေါက်စလေး ကိုတွေ့လိုက်ရသည်

" ဪ ခွေးပေါက်စဆိုလို့ မှ ခုမှ hyung သတိရသွားတယ် jin တစ်ခါ hyung ကိုပြောပြတဲ့ ကျောင်းကခွေးပေါက်လေးလေ နာမည်က kookie ဆိုလား ကျောင်းသာပြီးသွားတယ် jin က hyung ကိုအဲခွေးလေးနဲ့ တွေ့ပေးမယ် ဆိုပြီး တွေ့လည်းမတွေ့ပေးဘူး "

hyung ပြောလိုက်တဲ့စကားကြောင့် sj စိုးရိမ်မှု ငယ်ထိပ်ရောက်သွားရသလို တစ်ဆက်တည်းမှာပင် မောင့်ဆီက ရေသီးသံကိုကြားလိုက်ရ တယ်

" ဖူး ! "

ဒုက္ခ ပါပဲ hyung က မသိဘဲ သဘောရိုးနဲ့ပြောချပလိုက်ပင်မဲ့ သူတော့ တော်တော်စိုးရိမ်သွား ရတယ် သူ့ကို မောင်စိတ်ဆိုးတော့မှာပဲ ခွေးနဲ့ နှိုင်းတာဆို​ပြီး စိတ်ဆင်းရဲပါတယ်

Jealousy Kills ( Completed ) Where stories live. Discover now