unicode
ခါးအောက်ပိုင်းက တစ်ဆစ်ဆစ်ကိုက်ခဲလာမှုကြောင့် မျက်လုံးလေးပွင့်လာမိကာ ကိုယ့်ခါးကို တစ်ယောက်ယောက်က ဆွဲဆုပ်ကိုင်ထားသလိုခံစားချက်ကြောင့် စောင်ကိုဖယ်လိုက်ကာ ကြည့်လိုက်တော့ မောင်က သူ့ခါးကို ဖက်ပြီး ဘေးနားမှာ အိပ်မောကျနေတာကို တွေ့လိုက်ရတယ် ထို့ကြောင့် မောင့်လက်ကိုသူ့ခါးပေါ်က ဖယ်လိုက်ကာ ထဖို့ကြိုးစားလိုက်တော့ အောက်ပိုင်းတစ်နေရာက ဆစ်ခနဲ ဖြစ်သွားတာမို့ ညက အခြေနေကြောင့်ဆိုတာ sj သိလိုက်တယ်
ထို့ကြောင့် မနည်းအားယူလိုက်ကာ ထလိုက်ပြီး စောင်ကိုဖယ်လိုက်တော့ သူ့ရဲ့အောက် က ညဝတ်ဘောင်းဘီလေး ဝတ်ထားတာကိုတွေ့လိုက်ရတော့ မောင်သူ့ကိုဝတ်ပေးထားတယ်ဆိုတာကိုသိလိုက်တယ် ညက သူအိပ်ပျော်သွားတာမလား သူမအိပ်ခင်က နေအိပ် ပျော်သွားတဲ့အထိ မောင်က သူ့ကို ချစ်ခဲ့တာမလား ခုတော့ သူနိုးလာတော့ သူ့ကို မောင်က ဘောင်းဘီဝတ်ပေးထားတာကိုသိလိုက်ရတော့ သန့်ရှင်းရေးလည်း မောင်ပဲလုပ်ပေးထားတယ် ဆိုတာကို တွေးလိုက်မိတော့ မျက်နှာလေး တောင် ပူတက်သွားမိတယ်
သို့သော် လူက ငြီးစိစိဖြစ်နေတာမို့ ရေချိုးချင်တာကြောင့် အချိန်ကိုကြည့်လိုက်တော့ မနက်ငါးနာရီပဲ ရှိသေးတာမို့ ဆေးရုံကို သာ ဒီနေ့သွားရမယ်ဆိုရင် အခုလိုပုံစံနဲ့ကတော့ မဖြစ်ဘူးဆိုတာကိုသိလိုက်တယ် အခုသူ့ပုံစံက အိပ်ရာပေါ်က ထထိုင်တာတောင်မနည်းအားယူနေရတာမလား
ထို့ကြောင့် သူဆေးရုံသွားမယ်ဆို သက်သာဖို့လိုတာမို့ အကိုက်ခဲပျောက်ဆေး လေးသောက်ဖို့လိုတာမို့ မနည်းအားယူကာ ထလိုက်ကာ မောင့်အခန်းထဲက ထွက်လိုက်ပြီး သူ့အခန်းလေးထဲကို ဝင်လာလိုက်ကာ သူ့ရဲ့အခန်းထဲက ဆေးဘူးထဲက အကိုက်ခဲပျောက်ဆေး အပြင်းစားလေးတစ်လုံးကို ယူသောက်လိုက်ကာ သူ့ရဲ့ကုတင်လေးပေါ်မှာ ထိုင်လိုက်တယ် ဒီပုံစံတိုင်းဆို သူ့ဟာသူရေချိုးဖို့က တော်တော်အားယူရမယ်ထင်တယ် လမ်းလျှောက်တာတောင်မနည်းအားယူကာ လျှောက်နေရတာမလား
အကိုက်ခဲပျောက်ဆေးအစွမ်းကဆယ်မိနစ် ကျော် လောက်နေမှသိသာမှာမို့ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ချလိုက်ကာ ဗိုက်ကို လက်လေးနဲ့ကိုင်ပြီး နာကျင်မှုကို သက်သာစေဖို့ ပွတ်နေလိုက်တယ်
YOU ARE READING
Jealousy Kills ( Completed )
Fiksi Penggemarသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...