unicode
သူ့ကလေးက သူ့ရင်ဘတ်နားကို သိပ်မကပ်ဘဲ သူ့လက်တေကိုပဲ ရေပတ်တိုက်ပေးနေတာကြောင့် သူ့ကလေး ရှက်နေတယ်ဆိုတာသိလိုက်တယ်.. တကယ်ပါပဲ မင်းနဲ့ကိုယ်နဲ့က လက်ထပ်ပြီးလို့ ကလေးတစ်ယောက်တောင်ရနေပြီလို့သာ ပြောလိုက်ချင်တော့တယ်
jungkook သူ့ကလေးရဲ့ မျက်နှာလေးကို အနီးကပ်ကြည့်လို့ရအောင် ရေပတ်တိုက်ပေးနေတဲ့ လက်လေးကို အားလေးထည့်ပြီး ဆွဲလိုက်တော့ သူ့ကလေးက ကြောင်သွားကာ မျက်လုံးလေးပြုးလာပြီးကြည့်နေတော့ ပိုအသည်းယားလာတာမို့ ဆက်သည်းမခံထားနိုင်တော့ဘဲ သူ့မျက်နှာနားကို ဆွဲကပ်လိုက်တော့ မှပဲ သူ့ကလေးရဲ့ မျက်နှာတစ်ခုချင်းအစိတ်အပိုင်းကို အနီးကပ်မြင်ရတော့တယ်
စိတ်ကိုဆက်မထိန်းနိုင်တော့ဘဲ jungkook ခေါင်းလေးကိုစောင်းလိုက်ကာ ထိုနှုတ်ခမ်းဖူးဖူးလေးကို နမ်းဖို့ လုပ်လိုက်တော့
" ဟို.....CEO... ရေပတ်တိုက်လို့ပြီးပါပြီ အင်္ကျီလဲရအောင်နော် "
နှုတ်ခမ်းချင်းထိတော့မဲ့ဆဲဆဲမှာပဲ သူ့ကလေးက ရှောင်သွားကာ အဝတ်ဗီရိုထဲကို သွားရှာနေတယ် အခုလို သူ့အနမ်းကိုရှောင်လိုက်တော့ ဝမ်းနည်းသွားမိတယ် jin က အရင်လိုသူ့ကိုမချစ်လို့များလား ...ဒါမှမဟုတ် jin က သူ့ကို အလုပ်ရှင်မို့လို့ သူနဲ့ အဲအဆင့်မရောက်ချင်တာလား ဒီညတော့မင်းနှုတ်ခမ်းလေးကိုမှ မနမ်းရရင် ကိုယ်အိပ်လို့ပျော်ပါ့မလားမသိဘူး
jin က အဝတ်လေးကိုယူလာကာ သူ့ကိုဝတ်ပေးလာတာမို့ jungkook ငြိမ်ခံနေလိုက်ကာ အင်္ကျီ အနောက်က လိပ်ပြီးညှပ်နေတာလား မသိ သူဆွဲချတာ ဆွဲချလို့မရ သူဆွဲချနေချိန်မှာပဲ jin က သူ့မျက်နှားနားကို ကပ်လာကာ နောက်က လိပ်နေတဲ့ဟာလေးကိုဆွဲချပေးတာမို့ နောက်ဆုံးကျ အင်္ကျီလေးဝတ်လို့ပြီးသွားတော့ jin က မောသွားသလို ပုံစံ လေးနှင့်
" ရသွားပြီ... တော်တော်ဆွဲချလိုက်ရတယ်... နောက်က တော်တော်လိပ်နေတာ "
jungkook အခုချိန်မှာ jin ရဲ့ မျက်နှာလေးကို အနီးကပ်မြင်နေရတာမို့ သေချာကြည့်မိတယ်... jin က အခုအတိတ်မေ့နေတာတဲ့ အတိတ်ကို ပြန်သတိမရစေချင်တော့ဘူး ကိုယ့်ကိုမုန်းပြီးထပ်ထားသွားမှာစိုးလို့လို့ ပြောရင် ကိုယ်အတ္တ ကြီးရာကျမလား
YOU ARE READING
Jealousy Kills ( Completed )
Fanfictionသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...