Episode -43

1.9K 210 40
                                    

unicode

" jin "

ဂျယ်မင်းလေးကိုဖက်ပြီးငိုနေတုန်း သူ့နာမည်ကို ထိုသူက ခေါ်လိုက်တာကြောင့် sj အံ့သြသွားမိတယ် ထိုသူနဲ့ သူနဲ့က ဘယ်လိုမှမသိဘဲ ဘာလို့ ထိုသူက သူ့နာမည်ကိုသိနေတာလဲ

" ဂျယ်မင်းက တောင်းပန်ပါတယ် ဂျယ်မင်းက ကိုကို့ ကိုစိတ်ပူအောင်လုပ်မိတာပါ ကိုကိုမငိုနဲ့တော့နော် ဂျယ်မင်းလည်းငိုချင််တယ် ကိုကိုငိုတာမြင်ရင် "

ဂျယ်မင်းလေးက sj မျက်နှာပေါ်က မျက်ရည်တေကိုသုတ်ကာ တောင်းပန်နေတော့ sj ပြုံးလိုက်မိတယ်

" ဂျယ်မင်းက လမ်းပျောက်သွားတာ ကိုကိုဆီပြန်လာချင်ပင်မဲ့ မလာတတ်လို့ ဒီက ဦးဦးက လိုက်ပို့ပေးတာလေ ....ဦးဦး ဒါ ဂျယ်မင်းရဲ့ ကိုကိုဆိုတာလေ ချောတယ်မလား "

ဂျယ်မင်းလေးစကားကြောင့် sj ချက်ချင်းမတ်တပ်ရပ်လိုက်ကာ ထိုသူကို ဦးညွှတ်လိုက်ပြီး

" ကျေးဇူး အများကြီးတင်ပါတယ် ဂျယ်မင်းလေးကိုကယ်ပေးလို့ ...ဂျယ်မင်းလေးကို ပြန်လိုက်ပို့ပေးလို့ ကော ဒီက သူကို ကျွန်တော်ကအများကြီးကျေးဇူးတင်ပါတယ်နော် "

sj အဲလိုပြောလိုက်သော်လည်း ထိုသူက စကားပြန်မပြောတဲ့ အပြင် သူ့ကို ဝမ်းနည်းသလို အကြည့်မျိုးနဲ့ကြောင်နေတာကြောင့် sj ဘာပြောရမှန်းမသိဖြစ်သွားချိန်မှာပဲ

" jin.... jin နဲ့ တော်တော်တူတာပဲ "

ထိုသူရဲ့ တီးတိုးပြောလာတဲ့ စကားကြောင့် sj သဘောပေါက်သွားမိသည် CEO နဲ့ ဒီလူက အာ့ဆိုသိနေတာပေါ့ ဒီလူက သူ့ကို jin နဲ့ တော်တော်တူတာပဲလို့ပြောတော့ CEO က လည်းအဲနေ့ကသူ့ကို လူမှားပြီးဖက်ခဲ့မိတာမလား sj ကျေးဇူးတင်တာမို့ မိတ်ဆက်ဖို့ရည်ရွယ်လိုက်ကာ

" ကျွန်တော့်နာမည်က park seokjin ပါ ဂျယ်မင်းလေးကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ် ကျွန်တော် နောက်တစ်ခါတွေ့ရင်ကျေးဇူးပြန်ဆပ်ပါ့မယ်နော် "

hoseok မျက်ရည်ကျချင်တာကို ထိန်းလိုက် တယ် jin ရယ် မင်းဆုံးတာငါးနှစ်တောင်ကျော်သွားပြီ အခု hyung ရှေ့မှာ ရှိနေတဲ့သူက မင်းရဲ့ ကိုယ်ပွားအတိုင်းပဲ အသံရောရုပ်ရော တစ်ထေရာတည်း တူတဲ့ အပြင် နာမည်ပါ မျိုးရိုးးလေးပဲကွာတာပါလား

Jealousy Kills ( Completed ) Where stories live. Discover now