unicode
ကုတင်ပေါ်က မွေ့ယာအခင်းအစလေးကို လက်နဲ့ ဆုပ်ကိုင်မိရာ ဆုပ်ကိုင်လိုက်ကာ မောင့်ရဲ့ တစ်ဆထက်တစ်ဆပြင်းလာတဲ့ အနမ်းတေကို ခံယူလိုက် မိတယ်
ထို့နောက် နမ်းတာ ခဏကြာတော့ မောင်က ခဏရပ်ပေးသဖြင့် sj မျက်လုံးလေးဖွင့်လိုက်မိတော့ သူ့မျက်နှာပေါ်ကနေ မောင်က သူ့ကို သေချာပြုံးပြီး ကြည့်နေတဲ့ မောင့်မျက်နှာလေးကို တွေ့လိုက်ရတယ်
မောင်အဲလိုနှစ်လိုဖွယ်ပြုံးတဲ့ အပြုံးတေကို သူမမြင်ရတာ အတော်ကြာပြီလေ အမှန်တိုင်းဝန်ခံရမယ်ဆို မောင့်အပြုံးက ချစ်ဖို့ အကောင်းဆုံးပဲ သူ့အတွက်တော့ ချစ်သူတေဖြစ်တုန်းကပဲ တွေ့ရတာ လမ်းခွဲ ပြီး မောင့်ရဲ့ အပြုံးတေကို သူ့မှာ နေ့နဲ့ ညချီပြီး လွမ်းခဲ့ရတာ
ကံတရားကြောင့် မောင်နဲ့ ပြန်ဆုံရပြန်တော့လည်း မောင် ပြုံးတာတစ်ခါမှ မတွေ့ရသေးဘူး ခုမှ တွေ့ရတာ ထို့ကြောင့် သူ ထို အပြုံးကို မကြည့်ရတာကြာပြီမို့ ငေးကောင်းကောင်းနဲ့ အချိန်တော်တော်ကြာငေးနေမိတော့ မောင့်ဆီက စကားသံ ထွက်ပေါ်လာတယ်
" ကိုယ့်ကို ဘာလို့ အဲလောက်ငေးနေတာလဲ "
မောင်ရဲ့ အမေးကြောင့် sj သူခိုးလူမိဖြစ်သွားကာ ရှက်သွားပြီး ခုမှ မောင့်က်ိုကြည့်ရာကနေ အကြည့်ကို လွဲလိုက်တော့
" ကိုယ်.....jin ကို... ဒီည ချစ်ချင်တယ် "
jungkook ရဲ့ စကားကြောင့် sj ကြောင်သွားမိတယ် jungkook က သူ့ကို ဒီတစ်ညပဲ ချစ်တယ်လို့ပြောချင်တာလား ချစ်ချင်တယ်ဆိုတဲ့ စကားကရော ဘာအဓိပ္ပါယ်ကို ဆိုလိုချင်တာလဲ ချစ်တယ်လည်း မဟုတ်ဘူး ဘာကို ပြောချင်တာလည်း မသိတာကြောင့် မျက်လုံးလေး ကလယ်ကလယ်နဲ့ စဥ်းစားနေတုန်း
" ကိုယ့်ကို.... ခွင့်ပြုမယ်မလားဟင် "
jungkook က သူ့ကို တောင်းဆိုသလိုပြောလာပြန်သော်လည်း jungkook တောင်းဆိုတဲ့ အဓိပ္ပါယ်ကို လည်းသေချာ နားမလည်တာကြောင့် ဘာမှ အဖြေမပေးဘဲ ငြိမ်နေလိုက်တော့
jungkook က ရုတ်တရက် သူ့လည်ပင်းကို နမ်းလာတာမို့ sj ရုတ်တရက်မို့ လန့်သွားမိတယ် နဂိုတည်းက လည်ပင်းနမ်းတာကို နည်းနည်း trauma ရှိခဲ့ဖူးတာမို့ ဒိီတစ်ခါ ငြိမ်ခံမနေနိုင်ဘဲ မောင့်ကိုနည်းနည်းလေးတွန်းကန်မိတော့ မောင် ကနမ်းတာကို ခဏရပ်လိုက်ကာ သူ့ကိုကြည့်လာပြီး
YOU ARE READING
Jealousy Kills ( Completed )
Fanfictionသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...