Episode - 18

1.6K 163 23
                                    

unicode

sj မောင့်ရဲ့ စကားတေကို ကြားပြီး ဝမ်းနည်းလာတာ ကြောင့် မောင့်ကိုစကားပင်ပြန်မပြောနိုင်တော့

" ကလေး ကိုယ့် အကြောင်းတေနားထောင်လိုက်ရလို့ ပျင်းသွားတာလား "

မောင့်အသံ ကြားတော့မှ သူမျက်ရည်တေဝှေ့နေတာကိုခါထုတ်လိုက်တော့ မောင်က မြင်သွားပြီး

" ဟင် ကလေးလေး ငိုနေတာလား ကိုယ့်ကလေးက ဘာလို့င်ို​နေတာလဲ ကိုယ်စိတ်ပူအောင် ဘာဖြစ်လို့လဲ ပြောကိုယ့်ကိုပြော လူသတ်တဲ့ အကြောင်းတေ ကိုယ်ပြောမိလို့လား ဟင် sry ပါ ကွာ ကိုယ့်ကလေးက စိတ်ထားနုနယ်တာကို ကိုယ်မေ့သွားတာ "

မောင်ကသူ့ကို အဲလိုချော့လာတော့ ငိုတဲ့ကလေး ချော့တဲ့သူရှိ ပိုငိုဆိုသလို မောင့်ခါးကိုဖက်ကာ မောင့်ရင်ခွင်ထဲတိုးဝင်ပလိုက်မိပြီး လူက မထိန်းနိုင်တော့ဘဲ ရှိုက်သံ ပိစိလေးထွက်သွားမိတယ်

" အဟင့်...."

" ဟောဗျာ ချော့မှပိုငိုနေတော့တာပါလား ကိုယ့်ကလေးက တိတ်တိတ်.... ကိုယ်ကပဲတောင်းပန်တယ် တိတ်တိတ် "

မောင် က သူ့ကို ခေါင်းလေးကနေပုတ်ပုတ်ပြီး ချော့လာသဖြင့် ခဏကြာတော့ မောင့်ရင်ခွင်ထဲကနေထွက်လိုက်ကာ

" မောင် "

" ဗျာ "

" မောင် jin ကို ဘယ်လိုအချိန်တေမှာ မုန်းမိမှာလဲဟင် "

" ကိုယ့်ကလေးက ပေါက်တတ်ကရ တေကွာ ဘာလို့ jin ကို ကိုယ်က မုန်းရမှာလဲ "

" လုပ်ပါ ပြောပြပါ jin သိချင်လို့ "

မောင်က သက်ပြင်းတစ်ချက်ချလိုက်ကာ

" မရှိဘူး ကိုယ့်ကလေးကို ဘာအကြောင်းပြချက်နဲ့မှမုန်းမှာမဟုတ်ဘူး "

" အာ့ဆို jin က ဘာလုပ်လုပ် မမုန်းဘူးပေါ့ "

" ဘာလုပ်လုပ်တော့ ဘယ်ဟုတ်မလဲ ကလေးရဲ့ ကိုယ့်ကို ပစ်ပြီး တစ်ခြားသူနဲ့ ဖောက်ပြန်ရင်တော့ ကိုယ် စိတ်တိုမိမှာပေါ့ "

မောင့်အဖြေကြောင့် သူကျေနပ်သွားကာ သူကအဲလိုဘယ်တော့မှလုပ်မဲ့သူမျိုးမှမဟုတ်တာကို မောင့်အပေါ်ဖောက်ပြန်စရာလား

Jealousy Kills ( Completed ) Where stories live. Discover now