Episode - 12

1.9K 177 26
                                    

unicode

" အစ်ကိုဆန်းယော့ပေးတာ.... "

" ဘာ! "

jungho ရဲ့ မဝံ့မရဲ ဖြေသံကြောင့် jungkook နောက်တစ်ခါထပ်မေးမိ လိုက်တယ်

" သေချာလား အဲကောင်ပေးတာ "

" ဟုတ်တယ်... ကျွန်တော့်ကို သူက ဒါလေးစမ်းသုံးကြည့်ပါလားလို့ ပြောတော့ ကျွန်တော်လည်းအဲတုန်းက မူးယစ်ဆေးမှန်းမသိပဲ သုံးမိတာ... နောက်တော့မှ အဲတာမရှိရင်....."

" ရပြီ မင်းဆက်မပြောနဲ့တော့ အခုချက်ချင်း အိမ်ကိုပြန် မင်းအထုတ်တေသိမ်း.... ငါ driver ကို ph ဆက်ထားမှာမို့ "

jungkook ရဲ့ ဒေါသတေကငယ်ထိပ်သို့ရောက်နေလေပြီ ဆန်းယော့ ဆိုတာ ယူဂျောင်းရဲ့ ဝမ်းကွဲအစ်ကိုကိုပြောတာ အဲကောင်က ​အမြဲတမ်း sj ကိူလည်း နှောင့်ယှက်သေးတယ်

အခုကျ သူ့ညီကိုပါ မူးယစ်ဆေးစွဲအောင်လုပ်နေတယ်ဆိုတော့ ဒီတစ်ခါတော့ သူ အဲကောင်ကို အပြတ်ရှင်းမှကိုရတော့မယ်ထင်တယ် နို့မို့ဆို sj ကိုလည်းထပ်ပြီးနှောင့်ယှက်နိုင်သလို jungho အပြင် တစ်ခြားကျောင်းသားလူငယ်တေလည်းထိခိုက်လာနိုင်တယ်မလား

ဒီကိစ္စ ကို ကျောင်းအကြီးအကဲတေကို သူအမြန်ဆုံးအသိပေးမှဖြစ်တော့မယ် သူတို့အရွယ်ဆိုတာ လူငယ်အရွယ်ရောက်ထဲပါနေပြီမို့ ဒီကိစ္စ သာ ပေါ်သွားရင် ဆန်းယော့ ကျိန်းသေပေါက် ပြစ်ဒဏ်ခံရမှာ ဆိုတာ သူသိတယ်

အရွယ်ရောက်ပြီးသား လူငယ် တရားမဝင်မူးယစ်ဆေးသုံးစွဲ ခြင်းက ထောင်ကျရင် နှစ်တော်တော်ကြာနိုင်တယ်ဆိုတာသူသိတယ် ဘယ်တတ်နိုင်မလဲ မကောင်းတဲ့လူ ကိုဘေးမဲ့ပေးထားရင် ထိုသူက ကျန်တဲ့ကောင်းတဲ့ သူကိုပါ ဒုက္ခ တေရောက်အောင်လုပ်နိုင်တယ်မလား

ဒီကိစ္စ ကို ကျောင်းကို အသိမပေးခင် သူအဲကောင်ကို ပညာတော့ပေးချင်မိသေးတယ် အဲကောင် သူ့ညီကို သက်သက်လုပ်မှန်းလည်းသူရိပ်မိ တယ် သူ့ကို sj ကိစ္စတေ ကြားထဲမှာလည်း ငြိုးထားသေးတယ်မလား

လူက ဒေါသနဲ့မို့ လမ်းကို မြန်မြန်လျှောက်လာပြီး အတန်းရှိရာ ကို ဝင်လာလိုက်ပြီး အခန်းထဲကို ဝှေ့ရမ်းကြည့်လိုက်တယ် နေ့ခင်း အားလပ်ချိန်မို့ အခန်းထဲ တွင် လူက သိပ်မရှိ အနည်းငယ်သာရှိသည်

Jealousy Kills ( Completed ) Where stories live. Discover now