Episode -22

1.8K 191 26
                                    

unicode

" မနေ့က ကိစ္စ ကတော့ သိတဲ့အတိုင်းပဲ အားလုံးပင်ပန်းသွားကြပြီပေါ့ နော် order က လွဲခဲ့ပင်မဲ့အကုန်လုံးရဲ့ ကျေးဇူး​ ကြောင့် အခုလောလောဆယ် တော့ အဆင်ပြေသွားပါပြီ နောက်တစ်ခါအဲလိုမဖြစ်အောင် kim group က အလုပ်သစ်သမားက သတိထားပေးပါ ကျွန်တော်က နောက်တစ်ခါ ဆို ဒီတိုင်းမထားဘူး အလုပ်ထုတ်ပစ်မှာ.. အစည်းဝေးပြီးသွားပြီမို့ သွားလို့ရပါပြီ "

jungkook အစည်းဝေးခန်းထဲက ထွက်အလာ ph ထဲက message လာတဲ့ အသံကြောင့် ph ကို ဖွင့်ကြည့်လိုက်မိတော့ ဘယ်ကပို့ထားမှန်းမသိတဲ့ ph no အစိမ်းကနေပို့ထားသဖြင့် ဘာလဲ ဝင်ကြည့်လိုက်မိတော့

" တောက် !!"

သူ့ရဲ့တောက်ခေါက်သံကြောင့် ဘေးနားက namjoon hyung က

" ဘာဖြစ်လို့လဲ ဘာမို့လို့လဲ "

namjoon hyung က ပြောရင်းဆိုရင်းနဲ့ သူ့ ph ကိုယူကြည့်လိုက်ကာ

" မင်းထင်သလိုမဟုတ်တာလည်း ဖြစ်နိုင်ပါတယ် jungkook ရ မတော်တဆလည်းဖြစ်နိုင်တာပဲ အရမ်းကြီး ဒေါသကို ရှေ့တန်းမတင်ပါနဲ့ မင်းတို့တေက လက်ထပ်ထားပြီးသားကို "

" မတော်တဆ မဖြစ်နိုင်ဘူး hyung ဒီလောက်သိသာနေတာ အရှင်းကြီးကို ကျွန်တော် ဒီကိစ္စ ကို သူနဲ့ အခုချက်ချင်းရှင်းမှရတော့မယ် ကျွန်တော်ကတော့ ဒီမှာ အလုပ်တေများနေတာ သူကတော့ မနေ့က အိမ်ပြန်မလာဘဲ ဆေးရုံ မှာ သူ့ junior ဆိုတဲ့ကောင်နဲ့ ပလူးနေတာကို "

" jungkook ရာ အိမ်ရောက်မှအေးဆေးရှင်းစမ်းပါကွာ ဆေးရုံထိတော့ သွားပြီး မရှင်းပါနဲ့ သူက ဆရာဝန်တစ်ယောက်လေ သူ့ဘက်ကိုလည်း ကြည့်ပေးဦးမှပေါ့ ပြီးတော့ အခုပို့တဲ့ no ကိုမင်းလည်းမသိဘူး မလား အဲတော့ မင်းတို့နှစ်ယောက်ကို မနာလိုတဲ့ သူက တမင် ပို့လိုက်တာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲဟာ "

" အဲတာတေ မသိဘူး hyung ရာ ကျွန်တော် အခုသူနဲ့ကို ရှင်းရမှဖြစ်မှာ ဒီလောက်နှုတ်ခမ်းချင်းထိပြီးနမ်းတဲ့ပုံက သူတို့တကယ်မနမ်းဘဲ အခုလိုထွက်လာမလား ကျွန်တော့်ကို သိက္ခာ ချနေတာ တောက်! !"

jungkook namjoon hyung ကို ပြောပြီးပြီးချင်း sj ရဲ့ ဆေးရုံလေးဆီသို့ ဦးတည်မောင်းလာလိုက် လာတယ်

Jealousy Kills ( Completed ) Where stories live. Discover now