unicode
hoseok က သက်ပြင်းတစ်ချက်ကိုချလိုက်ကာ
" မင်းမသိသေးတဲ့ အမှန်တရားက မင်း jin ကို ခွင့်လွတ်နိုင်မလားမခွင့်လွတ်နိုင်ဘူးလားဆိုတာကို hyung မသိချင်ဘူး ဒါမဲ့ hyung ပြောပြချင်တာက jin မှာ အပြစ်ဘာမှမရှိခဲ့ဘူးဆိုတာပဲ jin က ငယ်ငယ်လေးတည်းက ကြုံတွေ့ခဲ့တာတေက အရွယ်နဲ့ မလိုက်တဲ့ ဖြစ်ရပ်တေကို ကြုံခဲ့ရတယ် "
" မင်းရဲ့ appa ကို သတ်တဲ့တရားခံက အခုထောင်ထဲမှာဆိုတာ သိတယ်မလား "
hoseok မေးလိုက်တဲ့ စကားကြောင့် jungkook ကြောင်သွားမိတယ် အဲတာက jin သူ့ကို လမ်းခွဲ ပြီးထားခဲ့ တဲ့ အကြောင်းရင်းနဲ့ ဘာဆိုင်လို့လဲ ဖြစ်ခဲ့တာ တေပဲ တော်တော်ကြာလှပြီ သူငယ်ငယ်လေးတည်းက ဆုံးသွားခဲ့တာလေသူ့ အဖေက ...အတိတ်တေက ကြာလှပြီ အခုနဲ့ ဘာဆိုင်လို့လဲ စဥ်းစားနေတုန်းမှာပဲ
" မင်း appa ကို သတ်ခဲ့တဲ့ psychopath killer ဆိုတာ jin ရဲ့ အဖေပဲ "
hoseok ပြောလိုက်တဲ့စကားကြောင့် jungkook ကြောင်သွားမိပြီး ခေါင်းခါလိုက်ကာ
" မဖြစ်နိုင်ဘူး.... jin အဖေက ဆုံးသွားခဲ့ ပြီမဟုတ်ဘူးလား jin အိပ်နေရင်း ခဏခဏယောင်တာမျိုးရှိတယ် jin ရဲ့အဖေကို ကျွန်တော်က ဆုံးသွားခဲ့ ပြီပဲထင်ခဲ့တာ "
hoseok jungkook ကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ
" အဲတာအမှန်တရားပဲ jin ငယ်ငယ်က jin ရဲ့ အမေနဲ့ အဖေစကားများပြီး ကွာရှင်းဖို့ထိဖြစ်ကြတယ်တဲ့ jin လေးကတော်တော်ငယ်ဦးမယ် တစ်ရက်ကျ psychopath ဖြစ်တဲ့ jin ရဲ့ အဖေက jin လေးကို တိတ်တိတ်လေးခေါ်သွားတယ် အဲတာနဲ့ omma ကလည်း စိတ်တေပူတာပေါ့ပိုဆိုးတာက jin ရဲ့ အဖေဟာ psychopath killer တစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတော့ ရှူးမတတ်စိတ်ပူခဲ့တာ jin လေးကို တစ်ခုခုလုပ်ပလိုက်မှာစိုးလို့လေ ဒါပင်မဲ့ jin ရဲ့ အဖေက jinလေးကိုတော့အတော်ချစ်ရှာတာ ဘာမှထိခိုက်အောင်မလုပ်ခဲ့တဲ့ အပြင် သူ့သားလေးကို ကာကွယ်ပေးခဲ့တာ အဲလိုတေကာကွယ်ပေးခဲ့လို့လည်း မင်းအဖေကို သတ်မိတဲ့ အထိဖြစ်ခဲ့တာပေါ့ "
hoseok ပြောပြရင်းနဲ့ jin အတွက်စိတ်မကောင်းတာမို့ မျက်ရည်တေကျလာမိကာ
YOU ARE READING
Jealousy Kills ( Completed )
Fiksi Penggemarသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...