unicode
ထိုနေ့ဟာ သူ့အတွက် သူ့ဘဝမှာ အသေချင်ဆုံးနေ့ သူ့အတွက် ကံအဆိုးဆုံးနေ့ သူ့အတွက် ဝမ်းနည်းကြေ ကွဲမှုတေနဲ့ ပြည့်နှက်နေတဲ့ ထိုနေ့ဟာ သူ့နဲ့မောင့်ရဲ့ ချစ်ခြင်းတေကို ခွဲခွာဖြစ်လိုက်တဲ့ နေ့လိုပြောရင် ပိုမှန်လိမ့်မယ်
omma ရဲ့ စကားသံကြောင့် သူအောက် အခင်းပေါ်ကို ရင်ဘတ်ဖိကာ လဲကျသွားတာမြင်တော့ omma က သူ့နားကိုရောက်လာကာ
" သား jin omma ရဲ့ သားလေး ဘာမှမဖြစ်ရဘူး မင်းရဲ့ appa နဲ့ omma နဲ့က မင်းငယ်ငယ်တည်းက ကွာရှင်းခဲ့ ပြီးပြီ အာ့ကြောင့် အခု omma နဲ့ သားနဲ့ အတူတူပျော်ပျော်ရွင်ရွင်နေသွားရင် ရပြီ စိတ်မညစ်နဲ့နော် ဝမ်းလည်းမနည်းနဲ့ omma ရှိတယ် "
omma ရဲ့ စကားသံတေကို သူ့နားထဲ မကြားယောင်နိုင်တော့ မောင့်မျက်နှာလေးသာ မြင်ယောင်နေမိကာ သူ့နားထဲ မောင်ပြောတဲ့ စကားတေကို သာ ကြားယောင်နေမိပြန်သည်
" psycho ဆိုတဲ့ စကားလုံးကို မုန်းတယ် psychopath တေက မျိုးရိုးလိုက်တတ်တယ် psychopath တေကိုဆို အသွေးအသားထဲကရွံလို့ အမျိုးထဲမှာတောင်မရှိလို့ တော်သေးတယ် "
စတဲ့ စကားတေကိုနားက ကြားယောင်နေမိသဖြင့် ချက်ချင်း နားကို အုပ်ပလိုက်ကာ အရူး တစ်ယောက်လိုအော်ဟစ်ပစ်လိုက်မိတယ်
" မဟုတ်ဘူး ငါ့ appa က psychopath မဟုတ်ဘူး..... မဟုတ်ဘူး ...လိမ်နေကြတာ...လိမ်နေကြတာငါ့ကို... အဟင့်... အဟင့် "
omma ကသူ့ကို ထိန်းချုပ်လိုက်ကာ သူ့ကိုပါဖက်လာသောကြောင့် သူ omma ဆီက ရုန်းပြီး အခန်းထဲက ပန်းအိုးကိုပါ ခွဲချပစ်ပလိုက်မိ တယ်
" ခလွမ်း ! "
အခုချိန်သူသေချင်တာပဲ သိတယ် ဟုတ်တယ် မောင့်ရဲ့ အမုန်းတေကိုခံယူရတာထက် သေတာကမှ ကောင်းဦးမယ်
အသိစိတ်ကင်းမဲ့နေတဲ့ သူတစ်ယောက်လို ပန်းအိုးအကွဲစ တစ်ခုကို ကောက်ယူပလိုက်ကာ သူ့လည်ပင်းက သွေးကြောဆီဖြတ်ရန် ပြင်လိုက်တော့ သူ့လက်ကို တစ်ယောက် ယောက်ကချုပ်ကိုင်လာသဖြင့် လှည့်ကြည့်လိုက် မိတော့
" hyung "
hyung က သူ့ဆီက ကွဲစကို ယူလိုက်ကာ
" jin.... hyung ကိုကြည့်... အသက်ကိုဝဝရှုလိုက်.. နော် hyung ကို ကြည့် jin လေး တစ်ခုခုဖြစ်ရင် omma က ဘယ်လို အသက်ဆက်ရှင်မလဲ omma ဘက်ကိုတွေးကြည့်ပေးလိုက်ပါဦး jin လေးရယ် နော်... အခုတော့ hyung ပြောတာကို နားထောင်နော် jin လေးကလိမ်မာတယ် "
YOU ARE READING
Jealousy Kills ( Completed )
Fiksi Penggemarသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...