Episode - 58 ( final part 2 with extra )

3.7K 185 45
                                    

unicode

အချိန်ကိုကြည့်လိုက်တော့ ည ဆယ်နာရီရှိနေပြီမို့ မောင့်ရဲ့ရင်ခွင်လေးထဲက နေထလိုက်မိတော့ အောက်ပိုင်းတစ်ခုလုံးက ကိုက်ခဲနေလေရဲ့ ကိုက်ခဲတော့မှာပေါ့ ညနေ ဒီအိမ်လေးကိုခေါ်လာပြီးကတည်းက မောင်နဲ့အတူတူနေခဲ့မိတာကို

မောင်သန့်ရှင်းရေးလုပ်ပေးထားသော်လည်း လူက အခုမှငြီးစိစိဖြစ်နေတာမို့ နာကျင်မှုဒဏ်လည်းသက်သာအောင် ရေနွေးလေးနဲ့ရေချိုးဖို့စဥ်းစားလိုက်ကာ ကုတင်လေးပေါ်က ကုန်းထလိုက်မိတော့ အောက်ပိုင်းက ဆစ်ခနဲနာကျင်မှုကို ခံစားလိုက်ရတဲ့ အပြင် တဆတ်တည်းမှာပဲ သူ့လက်မောင်းလေးကို ပြန်ဆွဲယူတာကိုခံလိုက်ရတာကြောင့် သူ့ ခန္ဓာ ကိုယ်လေး ကုတင်လေးပေါ်ကိုပြုတ်ကျသွားကာ သူ့ခေါင်းလေးဟာလည်း မောင့်လက်မောင်းလေးပေါ်ပြုတ်ကျသွားကာ သူ့ကိုကြည့်နေတဲ့မောင့်မျက်ဝန်းတေကိုတွေ့လိုက်ရတယ်

" ဘယ်ကိုသွားမလို့လဲ ကိုယ့်ကလေးရယ်... ကိုယ်နဲ့ jin အတူချစ်ပြီးတိုင်း ကိုယ်နိုးလာလို့ jin ကို မတွေ့ရင် ကိုယ်ရင်တေပူရတာသိရဲ့လား "

" jin နာနေလို့ ရေနွေးလေးနဲ့ရေချိုးချင်လို့ပါမောင့်ရဲ့... မောင့်နားက ထွက်သွားမလို့မဟုတ်ပါဘူး "

သူ့ကလေးစကားလေးကိုကြားတော့မှ jungkook သူ့ကလေးကိုသနားမိသွားတယ် ...ဟုတ်ပါရဲ့ ညနေတည်းက အတူတူနေလိုက်မိတာ မိုးချုပ်သွားတာတောင် သူမသိလိုက်ဘူးရယ်... သူ့ကလေးအရမ်း ပင်ပန်း နေမှာပေါ့ ထို့ကြောင့်

" ကိုယ်ရေချိုးပေးမယ်လေ နော်... jin အခုတောင်မထနိုင်ဘူးမလား ရေနွေးလေးနဲ့ ချိုးလိုက်ရင်နာကျင်မှုက နည်းနည်းသက်သာသွားမှာပါ "

မောင့်စကားကိုကြားတော့ sj မျက်နှာလေးရဲခနဲဖြစ်သွားတော့မောင်က မြင်ဖြစ်အောင်မြင်လိုက်သေးတယ်ထင်... သူ့ကိုရယ်ပြီးကြည့်လာကာ

" ကိုယ်က အကောင်းပြောတာကလေးရဲ့ ကိုယ်ကလေးကိုဘာမှမလုပ်ဘူးကတိပေးတယ်... ရေပဲချိုးပေးမှာ... ကိုယ်လည်း ရေနွေးဝင်စိမ်ချင်တယ် ကိုယ့်ကလေးနဲ့ "

" ဟင်... မောင်နော်... ပြောတော့ jin ကို ရေပဲချိုးပေးမှာဆို...အခုကျ ဝင်စိမ်ချင်တယ်ပြောပြန်ပြီ "

Jealousy Kills ( Completed ) Where stories live. Discover now