Episode -34

1.7K 168 28
                                    

unicode

" ဒါနဲ့ hyung က ကိစ္စ ရှိလို့လား ဆေးရုံကိုလာတာ "

" ဟင့်အင်း ...jin နဲ့ မတွေ့ရတာကြာပြီမို့ "

" omma ကော ပြန်ရောက်ပြီလား hyung "

" အင်း သဘက်ခါလောက်ပြန်လာမယ်ပြောတယ် omma က omma ရဲ့ လူပါသွားပါတယ် jin အရမ်းစိတ်ပူမနေနဲ့ omma က နဂိုတည်းက ခရီးသွားရတာကြိုက်တာကိုသိသားနဲ့ "

hyung ပြောတာကို sj ခေါင်းလေးငြိမ့်ပြလိုက်မိတော့

" jin hyung ကို ဒီ ultrasound ပုံလေးပေးလိုက်လို့ရလား hyung ပြန်ပေးပါ့မယ် omma လာရင် ပြချင်လို့ omma အရမ်းဝမ်းသာသွားမှာ omma က မြေးလိုချင်နေတာကို jin လည်းသိရက်နဲ့ "

hyung က တောင်းဆိုသလိုပြောလာတာမို့ အခုချိန် jungkook ကိုလည်း သူ ပြောပြဖို့ မနည်းအားယူရဦးမှာမို့ ခေါင်းလေးငြိမ့်ပြလိုက်ကာ

" ဟို....hyung.... jin ကို လေ အခုကိုယ်ဝန်ကိစ္စ ကို လည်း omma ကိုလည်း ခဏလျို့ဝှက်ထားပေးပါလား အမှန်တိုင်းပြောရရင် jin သတ္တိမရှိသေးဘူး jin လေ jungkook ရဲ့ ရင်သွေးလေးကို အရမ်းလိုချင်ခဲ့တာမှန်ပင်မဲ့ တကယ်တမ်းအခုလို ရလာတဲ့အခါ အတိတ်က trauma ကြောင့်ကြောက်နေမိတုန်းပဲ "

jin က မျက်ရည်လေးတေဝဲကာပြောလာတာမို့ hoseok jin ကို သနားမိသွားတယ်

" hyung. .. jin လေ jin ကြောက်နေတယ်သိလား jungkook က jin ကို အမှန်တရားတေသိသွားတဲ့တစ်နေ့ မုန်းသွားမှာ ပစ်ထားသွားမှာဆိုတာထက် အခုရလာတဲ့ကလေး ကို လေ psychopath သွေးသားဆိုပြီး မုန်းမှာစိုးတယ် jin ကိုမုန်းရင်တောင် jin မဖြစ်မနေလက်ခံလို့ရရင်ရဦးမယ် အခုဒီကလေးကိုပါ မောင်က သိသွားရင် လက်မခံနိုင်ဘဲ မုန်းသွားမှာ စိုးရိမ်တယ် jin နဲ့သူနဲ့ရတဲ့ရင်သွေးလေးကို လေ... အဟင့်... "

hoseok jin ရဲ့ ပုခုံးလေးတေကိုပုတ်လိုက်ကာ

" jin ရယ် jin အခု jungkook နဲ့ရတဲ့ရင်သွေးလေးကိုလွယ်ထားရပြီပဲကွာ jungkook က လက်ခံမှာပါ jin ဗိုက်ထဲက ကလေးက သူသွေးသားလေးပဲဟာ သူအဲလောက်ရက်စက်မယ်မထင်ပါဘူး အရမ်းကြီးမစိုးရိမ်ပါနဲ့ "

hyung စကားအတိုင်းသာဖြစ်ပါစေလို့ သူ့စိတ်ထဲကနေဆုတောင်းရတော့မှာပေါ့လေ......

Jealousy Kills ( Completed ) Where stories live. Discover now