unicode
" ယူရာလေးနဲ့ jin နဲ့က hotel မှာ fund ရှာတဲ့ပွဲလုပ်တော့တွေ့ကြတာလေ အဲတုန်းက jin က ကျွန်တော့်ကိုကူညီခဲ့တာ ကျွန်တော်အဲတုန်းက ဆေးမိနေတဲ့အချိန်ပေါ့ ...ဆေးခတ်ခံလိုက်ရပြီး လူက အသိစိတ်လွတ်သလိုဖြစ်နေတဲ့အချိန် jin က ဆေးထိုးပေးခဲ့တာ ဆေးထိုးပြီး ပြန်ဖို့ကျ ယူရာလေးတစ်ယောက်တည်းဖြစ်နေလို့ထင်တယ် ညထိစောင့်ပေးခဲ့တာ "
taehyung ပြောလိုက်တဲ့စကားကြောင့် jungkook နောင်တက ထပ်ရမိပြန်တယ်... fund ရှာတဲ့နေ့ဆိုတော့ သူသိလိုက်ပြီ jin ကိုစောင့်ကြည့်ခိုင်းထားတာမို့ အဲတုန်းက jin အဲပွဲကို သွားတယ်ဆိုတာ သူသိတယ်.... ဆေးရုံကို ပြန်မလာဘဲ ညရောက်တဲ့အထိအဲမှာရှိနေပြီ taehyung နဲ့ အတူ တစ်ရက်လုံးအတူရှိတယ်ဆို ပြီး သူကသံသယတေ နဲ့ သဝန်တိုခဲ့မိတာ ....
jin ပြန်လာတော့ jin က သူ့ကိုအမှန်တိုင်းမဖြေတာမို့သူပိုပြီးဒေါသ ထွက်သွားပြီး အရက်တေသွားသောက်မိပြီး ဆေးခတ်ခံရပြီး jin ကို အသိစိတ်လွတ်ပြီး ရိုက်ခဲ့မိတဲ့ည
ဆေးခတ်တာကလည်း jin goo ပြောတာတော့ အခုမိထားတဲ့ တရားခံပဲလို့ပြောတယ် အကုန်လုံးကို ဝန်ခံထားတာမို့ အပြစ်ချမှတ်ဖို့ပဲကျန်တော့တယ်တဲ့... ဆေးခတ်တာက အမှန်တော့သူ့က်ိုခတ်တဲ့ ဆေးက yoongi သူ့က်ိုပြောပြတာတော့ ပြင်းတယ်တဲ့.... ပြောရမယ်ဆို အဲဆေးမိရင် ကိုယ့်ကိုယ့်ကိုယ်သတ်သေတဲ့ အထိ အရူးတစ်ယောက်လိုလုပ်ပစ်နိုင်တဲ့ဆေးမျိုး
yoongi ပြောပြတာကတော့ အဲညက သူ့ရဲ့နားမှာ jin ရှိနေလို့သာ သူ့ရဲ့စိတ်တေက သတ် သေဖို့လောက်ထိ မလွတ်ခဲ့တာတဲ့ ...သူ့ရဲ့ဒေါသတေကို jin အပေါ်ကို အသိစိတ်လွတ်နေတာဆိုတော့ပုံချပစ်ခဲ့မိတာတဲ့... တကယ်လို့များသာ မင်းရဲ့နား sj သာ အဲညက မရှိခဲ့ရင် မင်းဆေးကြောင် ကြောင်ပြီး မင်းဟာမင်း မင်းအသက်အန္တရာယ်ထိခိုက်တဲ့ထိ လုပ်ပစ်နိုင်တယ်တဲ့လေ... အဲတာဆိုအဲတုန်းကလည်း သူ့ကလေးက သူရိုက်တဲ့ နာကျင်မှုတေကို ကြိတ်မှိတ်ခံ ပြီး သူ့အသက် အန္တရာယ် ကို ကာကွယ်ပေးခဲ့တာပဲ
အခုချိန် jin ကိုပဲ ပြေးဖက်ထားချင်တော့တယ်.... ချစ်လိုက်ရတာ ကိုယ်မင်းကိုအရမ်းချစ်တာပါ... ဒါပင်မဲ့ ကိုယ်က မင်းကို အတိတ်တေမှာ နာကျင်မှုတေပဲပေးခဲ့မိတယ်
![](https://img.wattpad.com/cover/317100741-288-k569200.jpg)
YOU ARE READING
Jealousy Kills ( Completed )
Fanficသဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... သဝန်တိုခြင်းတေ limit မရှိတဲ့အခါ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းကို ဖျက်ဆီးလိုက်မိသလိုဖြစ်တတ်ကြပါတယ်...... adult scenes contain Both...