Episode -39

1.8K 196 53
                                    

unicode

sj ကားလေးကို အရှိန်နဲ့မောင်းလာလိုက်ကာ အခုလော​လောဆယ်ဘယ်ဆီကိုသွားရမလဲ မသိ tae ဆီကိုပဲသွားရှောင်ရအောင်လည်း tae က ဒီနေ့ပဲ US ကို သွားတော့မှာတဲ့ jungkook လိုလူလက်ထဲက လွတ်ဖို့ဆို ရှောင်ဖို့ဆို သူဘယ်ကိုသွားရပါ့မလဲ jungkook က စီးပွားရေးဘက်မှာဆိုလူသိများတာမို့ သူ့ကိုလူလွှတ်ပြီးသာရှာခိုင်းရင် အချိန်မရွေးတွေ့သွားနိုင်တယ်မလား hyung ဆီသွားရင်လည်း jungkook က လိုက်လာမှာပဲ တွေးရင်းနဲ့ မှ omma ကို သတိရလိုက်တာ......

sj မျက်ရည်တေကျလာမိကာ ခုလောလောဆယ််တော့ hyung ကို အသိပေးဖို့ ph ဆက်ဖို့ရည်ရွယ်လိုက်တယ် သူသာ ပျောက်သွားတယ်ဆို hyung က စိတ်ပူနေမှာလေ ထို့ကြောင့်သူ့ ph လေးကို နှိုက်လိုက်ကာ hyung ကို ခေါ်လိုက်တော့

📞.......

" hello jin လေး hyung jin ဆီကို ဒီနေ့ပဲ လာကြည့်မလို့ hyung လည်းအလုပ်များနေတာနဲ့ jin ကို လာမကြည့်ဖြစ်တာ omma မရှိတော့ အလုပ်က ပိုရှုပ်သွားတဲ့ jin သိတဲ့ အတိုင်းပဲလေ "

တစ်ဖက်က hyung ဆီက အသံကိုကြားတော့ sj ငိုချင်တာကိုမနည်းထိန်းလိုက်ကာ

" hyung. .. jin အခုပြောတာကိုသေချာလေးနားထောင်ပေးပါနော် jin တစ်နေရာကို အကြာကြီး သွားစရာရှိတာမို့ အာ့ကြောင့်မို့ jin ပျောက်တယ်ဆို jin ကို စိတ်မပူနဲ့ ပြီးတော့ jin မရှိတဲ့ အချိန် jungkook အခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ စာအိတ်လေးကို jungkook ကို ပေးပေးပါ jin ကို စိတ်မပူနဲ့နော် "

sj ပြောစရာရှိတာကို မြန်မြန်ပြောလိုက်ကာ တစ်ဖက်က hyung ရဲ့စကားတေကိုတောင် မစောင့်ဘဲ ph ကို ချလိုက်တယ် အခုချိန် hyung က ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်တေမေးလာရင်သူ့မှာပြန်ဖြေဖို့ အင်အားမရှိဘူးလေ

အခုလောလောဆယ်တော့ သူ့ကလေး လုံခြုံဖို့ အတွက် တစ်နေရာမှာတော့ရှောင်နေမှဖြစ်မယ်မလား sj ဦးတည်ချက်မရှိဘဲ ကားကိုမောင်းလာလိုက်တယ် မောင်းနေရင်းနဲ့ ခေါင်းကနောက်တောက်တောက်ဖြစ်လာသလိုခံစားလာရတယ် အမြင်အာရုံတေကလည်း ဝေဝါးလာသလိုပဲ

မောင်းသာမောင်းနေရတာ အမြင်တေက ဝေဝါးလာတာမို့ ဘေးကိုတစ်ချက်ကြည့်လာတော့ တံတားကြီးကိုတွေ့တာမို့ သူအခုရောက်နေတာ ဟန်မြစ်နားကို ဆိုတာတော့သိလိုက်တယ် ဘေးကို ကြည့်ပြီး အရှေ့ကိုပြန်လှည့်စဥ်မှာပဲ သူ့ရှေ့ မှာ ကလေးတစ်ယောက် ကို တွေ့လိုက်သောကြောင့် ကားကို ချက်ချင်းရှောင်ကွေ့ပလိုက်တော့ ကလေးကိုမတိုက်မိသွားပင်မဲ့ သူ့ကားက အထိန်းကွပ်မဲ့သလိုဖြစ်သွားကာ မောင်းလာတဲ့အရှိန်ကလည်း ပြင်းတာကြောင့် ဘေးကို ကွေ့လိုက်တော့ ကားက တံတားရဲ့ တစ်ဖက်ခြမ်းကို သူ့ကားနဲ့ ဝင်တိုက်မိသလိုဖြစ်တော့မှာကို မြင်လိုက်ရတာမို့ sj အတတ်နိုင်ဆုံး ​မြန်မြန်ပဲ ဘရိတ်ကိုအုပ်ချပလိုက်သော်လည်း

Jealousy Kills ( Completed ) Where stories live. Discover now