Episode - 54

2.4K 214 32
                                    

unicode

"လက်ကိုလွှတ်ဦးလေ.... ဒဏ်ရာကိုအရင်ပိုးသတ်ရမယ် "

" ကိုယ်မေးတာကိုအရင်ဖြေ.... ကိုယ့်ကိုစိတ်ပူလို့လားလို့..."

sj ဒီတစ်ခါတော့ မောင်မေးတာကို ခေါင်းလေးကို ငြိမ့်ပြမိလိုက်တော့ မောင်ရဲ့ မျက်ဝန်းလေးတေမှာ ကျေနပ်သွားတဲ့အရိပ်အ​ယောင်လေးကိုတွေ့လိုက်ရတယ်.... မောင်က သူ့လက်ကိုလွှတ်ပေးလိုက်တာမို့ sj ဂွမ်းစလေးနဲ့ ဒဏ်ရာကို အရင်ပိုးသတ်ပေးလိုက်တယ်

နားထင်က ဒဏ်ရာလေးကို ပလာစတာလေးကပ်ပေးနေတုန်း မောင်နဲ့ အကြည့်ချင်းဆုံမိသွားတော့ မောင်က သူ့ကိုသေချာစိုက်ကြည့်နေတာမို့ sj မောင်နဲ့ အကြည့်ချင်းရှောင်လိုက်မိတယ်... အခုထိ မောင်နဲ့ အကြည့်ချင်းဆုံတိုင်း သူ့ရင်ဘတ်ရဲ့ ဘယ်ဘက်တစ်နေရာက ခုန်လာတုန်း ....မောင်နဲ့ ချစ်ခဲ့တာ ရယ် တွဲခဲ့တာရယ် လက်ထပ်ခဲ့တာရယ် ဘယ်လောက်တောင်အချိန်တေကြာနေပြီလဲ... အဲတာကို သူက အခုမောင်နဲ့ အကြည့်လေးဆုံတာကို ရင်ခုန်မိနေတာလား ဒုက္ခ ပါပဲ

လက်ကောက်ဝတ်လေးကိုလည်း ပလာစတာလေးကပ်ပေးလိုက်ပြီး အကုန်ဆေးထည့်ပြီးတဲ့အထိမောင်က သူ့ကိုမျက်တောင်တစ်ချက်တောင်မခတ်ပဲစိုက်ကြည့်နေတာမို့ sj မနေတတ်တော့ဘဲ ဆိုဖာလေးပေါ်က မောင့်နားက ထလိုက်တော့ မောင်က သူ့လက်လေးကိုလှမ်းဆွဲလိုက်သဖြင့် ဆိုဖာလေးပေါ်ကို ထိုင်လျက် ကျသွားတယ်... မောင်က သူ့ကိုယ်လေးကို နီးကပ်အောင်ဆွဲလိုက်ကာ

" ကိုယ့် ဆီကို ခုနက ဘာလို့လာပြီး ပြန်ထွက်ပြေးရတာလဲ ...ကိုယ့်ကိုစိတ်ပူတယ်ဆို "

" မဟုတ်ပါဘူး.... မင်းဆီကိုလာတယ်လို့ ဘယ်သူပြောလဲ.... ငါ့ဟာငါ အဲအထပ်ကို လူနာကိစ္စ နဲ့လာတာ "

jin ပြောလိုက်တဲ့စကားကြောင့် jungkook ဝမ်းနည်းသွားမိတယ်... တကယ်ပဲသူ့ကလေး က သူ့ဆီလာတာမဟုတ်ဘဲ တကယ်ပဲ အလုပ်ကိစ္စ ကြောင့်လာတာလား ...အတွင်းရေးမှူးလီ ပြောတော့ jin က သူ့ကိုလှမ်းကြည့်နေတာဆို ...သူ့ကလေးက တကယ်ပဲသူ့ဆီလာတာမဟုတ်ဘူးလား

" jin ကိုယ့်ဆီကိုလာတာမဟုတ်ဘူးပေါ့... အာ့ဆို "

မောင်က မျက်နှာလေးညိုးငယ်စွာနဲ့ မေးလာတော့ sj ဘယ်လိုပြန်ဖြေရမှန်းမသိပဲ တိတ်ဆိတ်စွာနေလိုက်မိတော့ မောင်က တစ်ဖက်ကိုမျက်နှာလွဲသွားကာ ခေါင်းလေးကိုငုံ့လိုက်ကာ အချိန်ခဏကြာ နေနေတာမို့ မောင်စိတ်မကောင်းဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်

Jealousy Kills ( Completed ) Where stories live. Discover now