အခန်း (၂)

1.9K 275 15
                                    

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အခန်း (၂)

ကားမောင်းနေသည့် လူကို ရှောင်ဖုန်းဟု ခေါ်သည်။ သူက ဆီးသီးများကို အိမ်သို့ ယူလာပြီးနောက် တစ်လုံးစားရန် မစောင့်နိုင်တော့ချေ။ ထို့နောက် အသီးရနံ့က သူ့ဧည့်ခန်းအတွင်း ပြည့်နှက်သွားတော့သည်။

တစ်ကိုက်လောက် ကိုက်လိုက်သည်နှင့် အရည်ရွမ်းပြီး နူးညံ့ချိုမြသော အရသာများဖြင့် ပြည့်သွားတော့သည်။

သေချာပေါက် ဒီအရသာက သူစိတ်ကူးထားသကဲ့သို့ အတိအကျကို တူညီပေသည်။ သူက ဆီးသီးတစ်လုံးလုံးကို အလျင်အမြန်ပဲ စားပစ်လိုက်တော့သည်။

အရသာ ရှိတာကလွဲလျှင် သူ့မှာ ဒါကို ဖော်ပြရန် တခြားစကားလုံး ရှာတောင် မတွေ့နိုင်ခဲ့ချေ။

ရှောင်ဖုန်း၏အမေက အနောက်ဘက်ခြံဝန်းထဲ၌ အလုပ်ရှုပ်နေခဲ့သည်။ သူမက ဧည့်ခန်းထဲကို ပြန်လာလာချင်း ရှောင်ဖုန်းပြန်လာသည်ကို မြင်လိုက်သည်။ သူမက သူမသား ဘာစားနေမှန်း မသိခဲ့ပေ။ သို့သော် သူ့ကြည့်ရသည်မှာ အလွန်နှစ်သက်နေသည့်ပုံရသည်။ အနီးကပ် ကြည့်လိုက်သည့်အခါ ဆီးသီးများ ဖြစ်နေသည်။ ထိုအသီးများက သူမစိုက်ပျိုးထားသည့်အသီးများထက် ပိုကောင်းနေပုံပေါ်သည်။ ဒါတွေ ဘယ်က ရလာတာလဲ

ရှောင်ဖုန်းက အလွန်စိတ်အားထက်သန်နေပြီး နောက်ထပ်အသီးများကို ဆက်လက် စားသုံးရန် မစောင့်နိုင်တော့ချေ။ သူ၏အမေက သူ့ကို ထိုကဲ့သို့ မြင်ရသောအခါ မနှစ်သက်စွာ ပြောလိုက်သည်။

မင်း စားနေတာက တစ်ခါမှ ဆီးသီးမစားဘူးတဲ့ပုံနဲ့

ရှောင်ဖုန်းက ရှင်းပြရန် အပင်ပန်းမခံတော့ပေ။ အရသာက မတူဘူး

ရှောင်ဖုန်း၏အမေက သူမသား၏သဘောထားကို မကျေနပ်သလို ခံစားခဲ့ရသည်။

ဘယ်လိုလုပ်မတူရမှာလဲ၊ ဆီးသီးက ဆီးသီးပဲပေါ့

ရှောင်ဖုန်းက ဒီထက်ပိုမပြောတော့ဘဲ အခွံနွှာရန် စတင်လိုက်သည်။

ဆီးသီး၏ရနံ့က ပိုပိုပြီး မွှေးလာပြီး ရှောင်ဖုန်းအမေ၏ နားပူနားဆာလုပ်နေသည့်အသံက ပိုပြီး တိတ်ဆိတ်လာသည်။

ကူးပြောင်းလာပြီးနောက် ဘော့စ်က ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့Where stories live. Discover now