Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Emptyအပိုင်း (၂၄) (က)
ရှန်းရွှမ်က ပြောမပြီးသေးခင် ဖူလဲ့ထျန်းက သူမ ပါးစပ်ကို ပိတ်လိုက်သည်။ "မင်း ဘာတွေ ပြောနေတာလဲ၊ ငါက ပစ္စည်းတစ်ခုလား၊ မင်းလိုသလို သွားခိုင်းလို့ ရမှာလား "
ရှန်းရွှမ်က တဖန် မျက်ရည်များကျလာခဲ့ပြီး သူမက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ ကျွန်မ မခံစားနိုင်ဘူး "
"ကိုယ့်ကို သွားခိုင်းပြီး မင်းက သည်းခံနိုင်လို့လား " ဖူလဲ့ထျန်းက ပူဆွေးမှုများဖြင့် ရှန်းရွှမ်ကို သူ့လက်မောင်းကြား ပွေ့ဖက်ထားလိုက်သည်။
ရှန်းရွှမ်က တိတ်တဆိတ် ငိုကြွေးနေပြီး သူမကို ကြည့်ရတာ ဘယ်လောက် သနားစရာကောင်းနေမလဲ ပြောစရာပင် မလိုချေ။ ဖူလဲ့ထျန်းက ရှန်းရွှမ်၏မျက်ရည်များကို စိတ်မကောင်းဖြစ်စွာ သုတ်ပေးနေပြီး ရှန်းထင်ရွှမ်းကို ခေါက်တုံ့ခေါက်ပြန် ရိုက်ချင်နေပေသည်။
ဤအရာအားလုံးကို ကြည့်ခြင်းအားဖြင့် ရှန်းထျန်းသဲက ဖူလဲ့ထျန်း၏သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူက ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သခင်လေးဖူ၊ မနက်ဖြန်ကျရင် အဲ့တစ်ယောက်ကို ရှာဖို့ သွားလိုက်ပါ့မယ်၊ အခုကစပြီး ရှန်းထင်ရွှမ်းနဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါ့မယ် "
ရှန်းမိသားစု၏ထောက်ပံ့မှု မရှိလျှင် ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကို ဆန့်ကျင်ပြီး တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။
ရှန်းထျန်းသဲ၏ သဘောထားက မှန်ကန်သည်ဟု ဖူလဲ့ထျန်းက ခံစားခဲ့ရသည်။ ရှန်းရွှမ်က စကားပြောချင်နေဆဲ ဖြစ်သည်ကို သူက မြင်လိုက်သည်။ ထို့ကြောင့် သူက ရှန်းရွှမ်၏ နှုတ်ခမ်းပေါ်တွင် သူ၏လက်ညှိုးကို တင်ထားလိုက်ပြီး "ကိုယ်ပြောတာ နားထောင်၊ ဒီတစ်ခါတော့ ဦးလေးပြောသလိုပဲ လုပ်လိုက်နော် "
ဖူလဲ့ထျန်းက ရှန်းရွှမ်ကို ကြင်ကြင်နာနာ ကြည့်လိုက်ပြီး "ရွှမ်ရွှမ်၊ တစ်ခါတစ်လေ အရမ်းကောင်းလွန်းရင် တခြားသူတွေ လွယ်လွယ်နဲ့ လှည့်စားတာ ခံရလိမ့်မယ်၊ စိတ်မပူနဲ့နော် "
STAI LEGGENDO
ကူးပြောင်းလာပြီးနောက် ဘော့စ်က ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့
Storie d'amoreTitle: After Transmigrating, the Bosses Begged Me To Plant Land Author: Come seven months Translator: Empty မိတ်ဆက် ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြ...