Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Emptyအပိုင်း (၂၄) (ဃ)
ဖေးမိသားစု၏ ပြင်ပဆက်ဆံရေးဌာနက အင်တာနက်ပေါ်ရှိ လူထုအမြင်ကို အာရုံစိုက်ကြရပြီး ယနေ့တွင် ရုတ်တရက် ရှန်းထင်ရွှမ်းက Weibo အကောင့်ဖွင့်လိုက်သည်ကို ရှာဖွေတွေ့ရှိသွားကြသည်။
သူတို့က ဥက္ကဌ၏ အတွင်းရေးမှူးကို အကြောင်းကြားလိုက်ကြသည်။
ဖေးဝမ်ရှု၏ အတွင်းရေးမှူးက ဖေးဝမ်ရှုနှင့်အတူ နေ့တိုင်းရှိနေခဲ့ပြီး သူက ဖေးဝမ်ရှု၏ တခြားသူများအပေါ် သဘောထားကို ခန့်မှန်းလို့ရပေသည်။ မူလက ဖေးဝမ်ရှုသည် ရှန်းထင်ရွှမ်းအပေါ် သာမန်သာဖြစ်သည်။ နောက်ပိုင်းတွင် အဘိုးဖေးက ရှန်းထင်ရွှမ်းကို မွေးနေ့ပွဲသို့ ဖိတ်ခဲ့သည်။
ရှန်းထင်ရွှမ်းက ဖေးမိသားစုတစ်ခုလုံးတွင် အဆင့်အတန်းတစ်ခု ရှိကြောင်း ဖေးဝမ်ရှု၏ အတွင်းရေးမှူးက သိပေသည်။ ထို့ကြောင့် အတွင်းရေးမှူးက ရှန်းထင်ရွှမ်း၏ Weibo အကြောင်း ဖေးဝမ်ရှုကို တင်ပြခဲ့သည်။
ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ “ထင်ရွှမ်း မင်း Weibo အကောင့်ဖွင့်လိုက်တာလား “
ရှန်းထင်ရွှမ်းက “ဟုတ်တယ်၊ ကျွန်မ ပိုများတဲ့ ပရိသတ်တွေ လိုချင်လို့ “ ပိုများသည့် ပရိသတ်များဖြင့် သူမက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ချင်ယွဲ့ကျီကို ဖိတ်နိုင်ပေသည်။ ထို့နောက် သူမက ချင်ယွဲ့ကျီကို အသီးစားရန် တောင်းဆိုနိုင်ပေသည်။
ဖေးဝမ်ရှုက ဖုန်းချလိုက်ပြီး အတွင်းရေးမှူးကို ပြောလိုက်သည်။
“ကုမ္ပဏီရဲ့တရားဝင်အကောင့်ကနေ ရှန်းထင်ရွှမ်းကို ချက်ချင်း follow လုပ်ခိုင်းလိုက် “
“နားလည်ပါပြီ “ အတွင်းရေးမှူးက ဖေးဝမ်ရှု၏ ရုံးခန်းမှ ထွက်သွားပြီး ချက်ချင်းပင် ပြင်ပဆက်ဆံရေးဌာန၏ မန်နေဂျာကို ရှာလိုက်သည်။
မကြာမီ ဖေးအုပ်စု၏ တရားဝင် Weibo အကောင့်မှ ရှန်းထင်ရွှမ်းကို follow လုပ်လိုက်ပြီး ပို့စ်တစ်ခု တင်လိုက်သည်။
YOU ARE READING
ကူးပြောင်းလာပြီးနောက် ဘော့စ်က ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့
RomanceTitle: After Transmigrating, the Bosses Begged Me To Plant Land Author: Come seven months Translator: Empty မိတ်ဆက် ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြ...