အခန်း (၁)

5.6K 337 22
                                    

{ Unicode }

လူချမ်းသာတစ်ယောက်မဟုတ်သည့် သူ့အဖို့ မနက်ခင်းတိုင်း မနက်ခင်းတိုင်းက တိုက်ပွဲဝင်နေရသည့်အလားပင်။ မနက်စာအဆင်သင့်ပြင်ဆင်ပေးမည့် အမေမရှိသလို မုန့်ဖိုးလုံလုံလောက်လောက် ပံ့ပိုးထောက်ပို့ပေးမည့် အဖေဆိုသည်မှာလည်းရှိမနေ။ တစ်ယောက်ထဲ ရုန်းကန်လှုပ်ရှားရသည့်ဘဝမှာ ဤမျှအထိ ခက်ခဲပင်ပန်းလွန်းလှသည်။

သို့သော် ငြီးငြူခြင်းသည် အောင်မြင်ခြင်းကို ခေါ်ဆောင်မလာနိုင် ဟူသောအခြေခံအသိတရားသည်လည်း သူ၏ခေါင်းထဲတွင် ရှိနေသေးသည်မို့ လုပ်ဆောင်ရန်ရှိသောကိစ္စများကိုသာ ပင်ပန်းသည်ဖြစ်စေ သက်သာသည်ဖြစ်စေ လုပ်ဆောင်ရမည်ဖြစ်သည်။

ညပိုင်းဂျူတီချိန်ကြောင့် ကျိန်းစပ်နေသည့်မျက်လုံးများအား ပွတ်ဆွဲလိုက်ပြီး ကျောင်းနောက်မကျစေရန်သာအားထုတ်ရတော့သည်။

စက်တင်ဘာလ၏ မနက်ခင်းသည် အေးမြစွတ်ပျံ့နေသည့် မိုးရနံ့များအပြည့်ဖြင့် ကောင်းကင်တစ်ခွင်မှာလည်း သာယာလျက် တိမ်တိုက်များက ဟိုသည်ပြေးလွှားနေကြ၏။ မနေ့ညက ပြင်းထန်စွာရွာသွန်းခဲ့သည့် မိုးကြောင့် ပတ်ဝန်းကျင်သည် အရောင်အသွေးစုံနေသည့်အပြင် မလှမ်းမကမ်းတွင် လမ်းလျှောက်သွားနေသည့် သူနှင့်မတူသည့် ယူနီဖောင်းတစ်မျိုးကို ဝတ်ဆင်ထားသော ကျောင်းသား၊ကျောင်းသူအချို့လည်းရှိပေသည်။ ဆီမထည့်ထားတာကြောင့် အနည်းငယ်လေးချင်နေသော စက်ဘီးလေးအား ဖြေးဖြေးပင်နင်းကာ မနက်ခင်း၏အလှတရားကို အပြည့်အဝခံစားရင်း ကျောင်းဆီသို့ဦးတည်မိတော့သည်။ ဖြစ်လာနိုင်မည့် အခြေအနေများအား အကုန်အဆင်သင့်ပြင်ထားပြီးပြီမို့ ပထမဆုံးနေ့ရက်သည် ကြောက်ရွံ့ခြင်းနှင့်စိုးရိမ်ခြင်းဟူသော အရာများ၏ အဝေးသို့ရောက်နေလေသည်။

"Beep! Beep!"

ဘောင်းဘီအိတ်ကပ်ထဲရှိဖုန်းမှာ တုန်ခါလာသည်ဖြစ်၍ စက်ဘီးခဏရပ်ပြီး ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသည့် "လောင်ဟူ" အမည်ရှိ တရုတ်စာလုံးများသည် screenပေါ်တွင်နေရာယူနေပါ၏။ သူပြုံးလိုက်ကာ အလျှင်အမြန်ပဲဖုန်းကိုင်လိုက်ပြီး

Unrequited Love Where stories live. Discover now