အခန္း(၁၅)

738 116 12
                                    

Unicode

ဝင်ခွင့်စာမေးပွဲရလာဒ်တွေ ထွက်လာတဲ့အချိန်မှာ ဝမ်ရိပေါ်က ပေကျင်းမှာရှိမနေခဲ့ဘူး။ သူတို့နှစ်ယောက်လုံး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး ရွေးခြယ်စရာအခွင့်အလမ်းတွေလည်း ပိုပြီးများများရထားတယ်။

ဝမ်ရိပေါ်ရဲ့ ပွဲဦးထွက်ရုပ်ရှင်က ပေကျင်းမှာရုံတင်ပြသနေပြီး ရုံတင်ပြီးနှစ်ရက်အတွင်းမှာတင် အရင်းကုန်ကျစရိတ်ကိုကျော်ကာ အမြတ်ငွေပြန်ရနေပြီဖြစ်သည်။ ဝမ်ရိပေါ်က တစ်နှစ်အတွင်းမှာပင် အောင်မြင်မှုတွေအများကြီးရလာပြီး traffic star တစ်ယောက်ဖြစ်လာခဲ့တော့၏။ ထိုသို့ဖြစ်လာသည်နှင့်အမျှ ရှောင်းကျန့်နဲ့သူ့အကြား အနီးကပ်နေခွင့်ရချိန်တွေက ပိုပိုနည်းလို့လာသည်။

သူတို့ကြားမှာ မက်ဆေ့ချ်နဲ့ အဆက်အသွယ် အနည်းငယ်ရှိပေမဲ့ ရှောင်းကျန့်ဘက်ကပဲ စာပို့ရတာများလေသည်။ ဝမ်ရိပေါ်က တစ်ပတ်နေလို့မှ စာတစ်စောင်တောင် ဖြစ်ဖြစ်မြောက်မြောက်ပြန်သည်မဟုတ်။ သို့သော်လည်း လကုန်တိုင်း တစ်လစာအသုံးစရိတ်ဆိုကာ မနည်းလှတဲ့ငွေတွေက ရှောင်းကျန့်ဆီကို အသိပေးစာနှင့်အတူရောက်လာစမြဲ။

အနုပညာကြေးရလျှင်လည်း များသောအားဖြင့် ရှောင်းကျန့်က မဆီမဆိုင် သုံးပုံ ပုံရင် နှစ်ပုံလောက်ကို ရရှိသေး၏။ အစပိုင်းကတော့ ငြင်းဆိုပြီး ပြန်ပို့ပေးတတ်ပေမဲ့ အေးစက်စက်ရေခဲမင်းသားက နောက်ဆုံးတော့လည်း ထို့ထက်ပိုများသည့် ပမာဏကိုထည့်ပေးလာတာကြောင့် သူငြင်းမနေတော့။ အခုဆိုရင် ရှောင်းကျန့်မှာ ဘာမှလုပ်စရာမလိုဘဲနှင့်ကို သူဌေးလေးဖြစ်လို့နေသည်။

ဒီအခြေအနေကို သဘောမကျဘူးလားလို့မေးရင် ရှောင်းကျန့်က ငြင်းဆန်လိမ့်မည်မဟုတ်။ ဘယ်သူကများ ဘဏ်အကောင့်ထဲ ငွေတွေလတိုင်းဝင်လာပြီး အေးဆေးသက်သာစွာ နေနေရတဲ့ဘဝကို မနှစ်ခြိုက်မှာလဲ။ အထူးသဖြင့် ဝမ်ရိပေါ်က သူ့ကိုသတိတရနဲ့ တစ်လတာအသုံးစရိတ်သဖွယ် ငွေတွေပို့ပေးလာတိုင်း သူတို့နှစ်ယောက်က အဝေးရောက်ချစ်သူတွေအဖြစ် ရှောင်းကျန့်ကို အထင်မှားစေသည်။

Unrequited Love Where stories live. Discover now