အခန်း(၁၁)

2.4K 278 20
                                    

{ Unicode }

ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီး ရှောင်းကျန့်မသိသေးတဲ့ အချက်တွေက တော်တော်လေးများတယ်။ ဝမ်ရိပေါ်က စကားနည်းပြီး ဖော်ဖော်ရွေရွေမရှိတာကြောင့်လည်း သူတို့ရင်းနှီးဖို့ကခက်ခဲနေပြီး အဆင်ပြေအောင်ပိုကြိုးစားလေ ပိုပြီးဆက်ဆံရတာခက်ခဲလာသလိုပဲ။

"ဟေ့!"

"ရှောင်းကျန့်!"

ရှောင်းကျန့်ရဲ့အကြားအာရုံတွေက နိုးတစ်ချက်မေ့တစ်ချက်ပဲ၊ နားထဲမှာ ခေါ်သံတစ်ခုကို ဝိုးတိုးဝါးတားကြားနေရပေမဲ့ ဘယ်သူခေါ်နေသလဲဆိုတာသိရဖို့ မျက်လုံးတွေဖွင့်မကြည့်နိုင်သေးဘူးဖြစ်နေတယ်။ သူအရမ်းကိုအိပ်ချင်နေပြီး ဘာကိုမှလည်းဂရုမစိုက်နိုင်သေးဘူး။

လောင်ဟူက သူ့ရဲ့ အားကစားအင်္ကျီလက်ကို တံတောင်ဆစ်အထိရောက်အောင် ဆွဲတင်လိုက်ကာ သူ့အရှေ့က ကားမှတ်တိုင်မှာ အိမ်ခြေရာမဲ့လိုမျိုး တိုင်ကိုမှီကာအိပ်နေတဲ့ ရှောင်းကျန့်ကို ဒေါသထွက်လာရတယ်။ ဒီအတောအတွင်း သူတို့ကို သိပ်ပြီးအဆက်အသွယ်မလုပ်တဲ့အပြင် အဆင်ပြေပါတယ်ပဲပြောပြီး အခုဖြစ်နေတဲ့ပုံကဘာလဲ။ လောင်ဟူက ရှိသမျှအသံကုန်သုံးပြီး စိတ်တိုစွာအော်ချပစ်လိုက်သည်။

"မင်းအခုချက်ချင်းမထရင် ငါမင်းကိုသေအောင်သတ်မှာနော်! ရှောင်းကျန့် မင်းထစမ်း! ဒါကဘာဖြစ်နေတာလဲ!"

မနက်ဝေလီဝေလင်း မြူခိုးသာဆိုင်းနေသော အချိန်တွင် တိတ်ဆိတ်ကာ‌ငြိမ်သက်နေသော ကားမှတ်တိုင်တွင် လောင်ဟူ၏အသံသည် ကျယ်ကျယ်လောင်လောင်ပင် ပြန့်နှံ့သွားတော့၏။ ကျယ်လွန်းတာကြောင့် လန့်နိုးသွားပုံရတဲ့ရှောင်းကျန့်ကလည်း သူ၏အိပ်မှုန်စုန်ဝါးမျက်လုံးများကို ပွတ်သတ်ရင်း လောင်ဟူကိုမြင်သောအခါ "အာ.." ဟူ၍ရေရွတ်လာသည်။

"မင်းဒီကိုဘယ်လိုရောက်နေတာလဲ"

"အဲ့တာက ငါမေးရမှာပါ မင်းကဘာလို့ ကားမှတ်တိုင်မှာအိပ်နေတာလဲ ရှောင်းကျန့်! မင်းကို ဝမ်ရိပေါ် အနိုင်ကျင့်လို့လား"

"မဟုတ်ပါဘူး ငါညကကိစ္စလေးတစ်ခုရှိလို့.."

"ဘာကိစ္စမို့ မင်းကအပြင်မှာပါ အိပ်နေရတာလဲ၊ ယုတ္တိမရှိတာတွေ ငါ့ကိုထပ်မပြောနဲ့"

Unrequited Love Where stories live. Discover now