အခန်း(၄)

1.7K 274 20
                                    

{ Unicode }

ဝမ်ရိပေါ်ဆီက အတင့်ရဲစွာ ပိုက်ဆံတောင်းလိုက်ပြီး စိတ်ပင်ပန်းမှုနှင့်လူပင်ပန်းမှုကြောင့် ရှောင်းကျန့်က တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့မနက်သို့ရောက်သောအခါ စောစောစီးစီးပင် နိုးလာခဲ့ပြီး သူ့အိပ်ယာဘေးစားပွဲပေါ်ရှိ ညကသူ နာရီရောင်း၍ရခဲ့သော ပိုက်ဆံများအားကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

"ဝမ်သခင်လေးက သောက်ရမ်းရက်ရောတာပဲ!"

ရှောင်းကျန့်ဟာ အမှတ်သည်းချေတစ်စက်မှမရှိသောလူတစ်ယောက်ပင်ဖြစ်သည်။ မနေ့ညက သူအရူးတစ်ယောက်လို မိုးရေထဲ အလူးအလဲခံစားခဲ့သော်လည်း ကောင်းမွန်စွာ တစ်ညတိတိအိပ်စက်လိုက်ရရုံဖြင့် ထိုကိစ္စများအား သူ၏စိတ်တွင်းမှ အပြီးအပိုင်ထုတ်ပစ်လိုက်တော့သည်။ ဒီကိစ္စကသူမှားတာဖြစ်ပြီး ဝမ်ရိပေါ်ကိုခြိမ်းခြောက်တာကလည်း သူအရင်စခဲ့တာ။ ဒါကြောင့် ဝမ်ရိပေါ်ရဲ့လုပ်ရက်က မှားတယ်လည်းဆိုလို့မရတာမို့ သူသာမေ့ပစ်လိုက်ရင် အကုန်အဆင်ပြေသွားလိမ့်မည်။ ရန်သူမရှိဘဲ ပျော်ရွှင်အေးချမ်းတဲ့ မကြောင့်မကြဘဝတစ်ခုတည်ဆောက်နိုင်ဖို့ ရှောင်းကျန့်ရဲ့ သည်းခံခြင်းတရားတွေက လေထုထဲမှာအမြဲတမ်းအပြည့်ပဲ။ မနေ့ညကမှသာ စိတ်ပင်ပန်းနေတာမို့ အနည်းငယ်လွတ်ထွက်သွားရုံလေး။

ညက အိမ်တန်းမပြန်ဘဲ အဟောင်းတန်းသို့သွားကာ ဝမ်ရိပေါ်ပေးတဲ့နာရီကိုရောင်းစားခဲ့သည်။ အဟောင်းဆိုင်က ဈေးကိုပိုးစိုးပက်စက်နှ်ိမ်လိုက်တာတောင် ရှောင်းကျန့်က ယွမ်တစ်သိန်းမပြည့်တပြည့်ကိုသူ့လက်ထဲကိုင်ထားနိုင်သေးတယ်။ ဒီငွေနဲ့သာဆိုရင် သူ အရသာရှိတာတော်တော်များများကို လအတော်ကြာဝယ်စားနိုင်မည်ဖြစ်သည်။ ပိုက်ဆံများအား တံတွေးစွတ်ကာ ရေကြည့်နေခဲ့ပြီးနောက် ရှောင်းကျန့်၏မျက်နှာက အနည်းငယ်ရွှင်ပြပြဖြစ်လာသည်။ ဝမ်ရိပေါ်က တကယ်ကိုရက်ရောတာပဲ!!

ဒီပိုက်ဆံကိုတောင်းလိုက်တာဟာ ငွေညှစ်သလိုဖြစ်သွားပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ဆီကရသင့်သည်ဟုတွေးလိုက်တယ်။ သူအနူးအညွတ်တောင်းပန်ခဲ့ပေမဲ့ ဝမ်ရိပေါ်က ခွင့်မလွှတ်နိုင်ခဲ့တဲ့အပြင် သူ့ကိုလည်းအရှက်ခွဲခဲ့သေးသည်မဟုတ်ပါလား။ တရားကြောင်းအရကြည့်မည်ဆိုလျှင်လည်း ရှောင်းကျန့်မှာ အပြစ်ထင်ရှားစေဦးတော့ နစ်နာသူဘက်မှ တရားခံအားထိုသို့စော်ကားခြင်းသည် ပြစ်မှုမြောက်လေသည်။ ရှောင်းကျန့်ကအပြစ်ဝန်မခံဘဲထွက်ပြေးနေတာလည်းမဟုတ်။ ဒါကြောင့် ဝမ်ရိပေါ်ပေးသည့်နာရီတန်ဖိုးသည် ‌ရှောင်းကျန့်ရထိုက်သည့်နစ်နာကြေး။ ရှောင်းကျန့်ပေးရမည့်အရာကတော့ သူ၏ဖုန်းနှင့်ထပ်မံတောင်းပန်ခြင်းသာဖြစ်လေသည်။

Unrequited Love Where stories live. Discover now