အခန်း(၂)

1.9K 285 15
                                    

{ Unicode }

"ငါ့ကိုဘာကိစ္စများရှိလို့လဲ"

သိသိရက်နဲ့ပြောင်လိမ်ပြီးမေးလိုက်ပေမဲ့ ရှေ့ကလူရဲ့မျက်နှာက အမူအရာနည်းနည်းလေးမှမပြောင်းသွားတဲ့အပြင် အသက်မရှိသလိုမျက်နှာပေးနဲ့အေးစက်စက်လုပ်နေဆဲ။ ထိုလူ၏မျက်နှာအား ရင်းနှီးနေသော်လည်း မည်သူနှင့်တူလို့တူမှန်းမသိ၊ သခင်လေးတစ်ပါးကဲ့သို့ အရှိန်အဝါများဖြင့် သန့်ပြန့်လွန်းသည့်အပြင် မောက်မာကာ စူးရဲပြတ်သားသည့်မျက်ဝန်းများက ရှောင်းကျန့်ကိုကြောက်ဒူးတုန်စေပြီး ထိုနေရာမှ အမြန်ပင်လှည့်ကာထွက်ပြေးစေချင်လာသည်။

"ဗီဒီယို"

"ဟင်"

ရုတ်တရက်မို့အံ့ဩသွားခဲ့ပြီး မျက်လုံးဝိုင်းများဖြင့်ကြည့်လိုက်တော့ မပြောင်းမလဲရုပ်သေကြီးက "‌ဗီဒီယို" ဟုထပ်ပြောလာပြန်သည်။

"ဘာကြီးလဲအဲ့တာက"

"ဖျက်ပေး"

"နေပါဦး ငါ့မှာဘာ.."

ရှောင်းကျန့်ကအခြေအနေကို လျှင်မြန်စွာပဲ အကျိုးသင့်အကြောင်းသင့်စပ်ဆက်တွေးမိသွားသည်။ သူမနေ့ညနေက ရဲစခန်းကိုသွားပြီး အမှတ်(၁)ကျောင်းမီးလောင်မှုနဲ့ပတ်သတ်တဲ့ ဗီဒီယိုကို အပ်ပြီးပြီဖြစ်တယ်။ ဒါပေမဲ့ဘာလို့ သူ့ရှေ့ကဒီလူက ဗီဒီယိုဟုလာပြောနေရသလဲ ရှောင်းကျန့်တကယ်မသိဘူး။ သူနဲ့ဘာများပတ်သတ်နေလို့လဲ။

"မင်းပြောတာကိုငါမသိဘူး"

ခပ်ရှင်းရှင်းပဲပြောလိုက်ပြီး ရှောင်းကျန့်က မျက်နှာလွှဲချလိုက်သည်။ သူ့အဖြစ်က မဟုတ်တာလုပ်ထားပြီး လူမိမှာကြောက်လို့ ရှောင်နေတဲ့အတိုင်းပဲ။ အမှန်ဆို သူက ကောင်းတာတစ်ခုကိုလုပ်ခဲ့တာဖြစ်ပြီး ချီးကျုးတာကိုတောင်ခံရဦးမှာဖြစ်တယ် သို့သော် သူ့ရှေ့ကလူကြောင့် ဒီလုပ်ရက်ကပဲ မှားနေသလိုတောင်တွေးမိလာသည်။

"ရဲစခန်းကို‌ပေးလိုက်တာ မင်းမှန်းငါသိတယ်၊ အခုမင်းဆီမှာကျန်နေသေးတဲ့ဟာကို ငါ့ရှေ့မှာဖျက်ပေး"

ရှောင်းကျန့်ရဲ့ လည်ဇလုတ်တွေက လှုပ်လှုပ်ရှားရှားဖြစ်သွားရပြီး ရှေ့ကလူကို မဝံ့မရဲမော့ကြည့်လိုက်မိသည်။ ရုတ်ချည်းဆိုသလို အာခေါင်တွေခြောက်လာပြီး စကားပြောဖို့တောင် မနည်းအားယူလိုက်ရတယ်။

Unrequited Love Where stories live. Discover now