အခန်း(၇)

1.8K 268 14
                                    

{ Unicode }

ရှောင်းကျန့်ထင်ထားခဲ့တာက ဒီညကအရမ်းနောက်ကျနေပြီဖြစ်တာမို့ ဝမ်ရိပေါ်က သူ့အိမ်မှာနေဖို့ခေါ်တယ်လို့ထင်လိုက်မိတာပဲ။ ဒါမှမဟုတ် တစ်ယောက်ထဲဖြစ်နေတဲ့ရှောင်းကျန့်ရဲ့ အခြေအနေကြောင့် ဂရုစိုက်ဖို့လူလိုတာမို့ ဝမ်ရိပေါ်က စိတ်သဘောထားကောင်းကောင်းလေးထားပြီး အိမ်ခေါ်တာလည်းဖြစ်နိုင်တာပဲ။ ရှောင်းကျန့်ကထိုသို့အတွေးမျိုးတွေးပေမဲ့ ဝမ်ရိပေါ်ကတော့ ထိုသို့မဟုတ်ပုံပင်။ ရှောင်းကျန့်လက်ရှိနေနေတဲ့တိုက်ခန်းပိုင်ရှင်ကို အခန်းသော့ပြန်အပ်ခိုင်းတဲ့အပြင် ပိုင်ဆိုင်သမျှ ပရိဘောဂအနည်းငယ်နဲ့ အဝတ်တွေကအစ အကုန်ထားပစ်ခဲ့ခိုင်းသေး၏။

"မင်းရူးနေတာလား! ငါကဘယ်မှာသွားနေရမှာလဲ?"

"ငါ့အိမ်"

"မင်း..! ဖြစ်နိုင်တာကိုပဲပြော တစ်သက်လုံးငါ့ကိုခေါ်ထားမှာမို့လို့လား"

"အင်း"

ဝမ်ရိပေါ်က ဘာကိုမှဂရုမစိုက်တတ်သလို ဘာကိုမှလည်း လိုက်ပြီးခံစားနေပုံမပေါ်ဘူး။ ပြီးတော့ ဝမ်ရိပေါ်က ဆိုးပေတေတဲ့ပုံပေါက်ပြီး နှလုံးသားမရှိပုံပေါ်ပေမဲ့ ကတိတော့တည်ပုံရသည်။ သို့သော်လည်း ထိုသူက ကတိတွေကို အလွယ်လေးပေးတတ်ပြန်ပါ၏။ ရှောင်းကျန့်က တိုက်ခန်းကပြန်ယူလာတဲ့ စာအုပ်တစ်ချို့ကိုပိုက်ပြီး passenger seatမှာ ငြိမ်ကျသွားသည်။ ပြီးနောက် သူကအသံတိုးတိုးဖြင့်

"ပါးစပ်ပါတိုင်းလျှောက်ပြောမနေနဲ့"

ဝမ်ရိပေါ်က တစ်ဖက်ကို ရုပ်တည်ဖြင့်ခဏမျှ လှည့်ကြည့်လာပြီး ဟိုဘက်ကိုပြန်လှည့်သွားသည်။

ဝမ်ရိပေါ်က ဘယ်တုန်းကမှ စကားကို အပိုလုပ်မပြောသလို မလိုအပ်တာကိုလည်းသိပ်ပြီးပြောလေ့မရှိတာကြောင့် ရှောင်းကျန့်ကအခု အနည်းငယ်ဝမ်းနည်းသလိုလို၊ အားငယ်သလိုလို ခံစားချက်ကိုခံစားနေရတယ်။ အသက်ရှင်သန်လာခဲ့တဲ့ ၁၉ နှစ်လုံး ဘယ်သူကမှ သူ့ကို "အိမ်" ဆိုတဲ့စကားလုံးကို သုံးခွင့်မပေးခဲ့သလို ပြောမည့်လူလည်းမရှိခဲ့ပေ။ လူမှန်းသိတတ်စထဲက ဂေဟာ ဆိုတဲ့နေရာမှာ ရွယ်တူတွေနဲ့အတူတူကြီးပျင်းလာရပြီး "အိမ်" ဆိုတာက သူ့အတွေးတွေထဲက နာမ်တစ်ခုသပ်သပ်သာဖြစ်လေသည်။ ဂေဟာကနေထွက်လာပြီးနောက်ပိုင်းလည်း တိုက်ခန်းငယ်လေးမှာ သူတစ်ယောက်ထဲ တိတ်တဆိတ်ပင် အထီးကျန်စွာနေခဲ့ရသည်မို့ မိသားစုနှင့်အိမ် ဟူသောစကားလုံးသည် ကြားလိုက်ရသည့်အချိန်တိုင်း အမြဲစိမ်းသက်နေကာ အေးစက်စက်ခံစားမှုကိုရသည်သာ။

Unrequited Love Where stories live. Discover now